အပိုင်း (၂၀): အမှတ်ပြည့်စစ်ဆင်ရေး
လုမင်ယွဲ့က ပင်လယ်ထဲကို တချက်ကြည့်လိုက်ပြီး ဖျော့တော့တော့ပြောလိုက်တယ်"မင်း မြန်မြန်မလုပ်ရင် မင်းရဲ့ လိပ်ခွံလေးက ပင်လယ်ဆီပြန်သွားလိမ့်မယ်"
ချင်ယိထန်က လန့်သွားပြီး ပြန်မေးလိုက်တယ်။ လုမင်ယွဲ့ပြောတာ သူနားမလည်ဘူး"လိပ်ခွံဆိုတာ..."
"မင်းရဲ့ တဲက ပင်လယ်ထဲမြုပ်တော့မယ်"ဝမ်ကျန်းကပြောတယ်။
ချင်ယိထန်က နောက်ဆုံးတော့ ဘာပြောချင်တာလဲဆိုတာ သဘောပေါက်သွားတယ်။ သူကမ်းစပ်ကို ပြေးဆင်းလိုက်ပေမဲ့ ပြန်ဆယ်နိုင်တဲ့ အကွာအဝေးကို တော့ ကျော်လွန်သွားခဲ့ပါပြီ။ တဲနဲ့ ကမ်းစပ်ရဲ့ အကွာအဝေးက သူဆယ်ဖို့အတွက် အရမ်းဝေးလွန်းနေပြီ။
သူလိုချင်ခဲ့တဲ့ သက်သေကြောင့် သူ့တဲကို ဆုံးရှုံးရမယ်ဆိုတာ သူဘယ်တော့မှ မမျှော်လင့်ခဲ့ဘူး။
ဒါက ဒုတိယနေ့ပဲ ရှိသေးတယ်။ တဲမရှိဘဲ နောက်ရက်တွေ သူဘယ်လိုနေမှာ လဲ။
လုမင်ယွဲ့က ဝင်ပြောလိုက်တယ်"မြေကြီးကို အိပ်ရာလုပ်ပြီး ကောင်းကင်ကို စောင်လုပ်လိုက်ပေါ့။ ဒါက ရှားပါးအခွင့်အရေးပဲ လေ။ ဒါ သာမန်လူကြုံနိုင်တာမဟုတ်ဘူး"
ချင်ယိထန်ရဲ့ နဖူးတွေ တွန့်သွားပြီး မျက်မှောင်ကြုတ် လိုက်တယ်။
"ဘယ်သူက ဒီအခွင့်အရေးတွေ လိုနေလို့လဲကွ။ ဘယ်သူလိုချင်တာလဲ။ ငါ မလိုချင်ဘူးကွ" စိတ်ထဲမှာ အော်လွှတ်လိုက်တယ်။
"ဒီမှာ ရေကူးနိုင်တဲ့ သူရှိလား"
လင်းရှင်းမုန့်က လူတိုင်းကို မေးဖို့အခွင့်ကောင်းယူလိုက်တယ်။
"ရေကူးတော်တဲ့ သူတွေ က အဲ့ကို ရေကူးသွားပြီး တဲကို ပြန်ဆွဲလာခဲ့လေ။ ရေဘယ်လိုကူးရမလဲ သိတဲ့ သူရှိလား"
ဝမ်ကျန်းနဲ့ ချင်ယိထန်က ရေမကူးနိုင်ပါဘူး။
လင်းရှင်းမုန့်အကြည့်က လုမင်ယွဲ့ဆီရောက်သွားတဲ့ အခါ လုယန်က ပြောတယ်"ရေထဲဆင်းတာက အနာဂတ်မှာ ငါ့အစ်ကိုအတွက် မသင့်တော်ဘူး"
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...