Part 43

339 64 0
                                    


အခန်း ၄၃ နှာခေါင်းဒဏ်ရာ

လူတိုင်းကလှည့်ကြည့်ပြီး စိမ်းလန်းနေတဲ့ အစိမ်းရောင်ခြုံပုတ်ကို တွေ့လိုက်ရတယ်။

အဲ့မှာ ဘာမှမရှိဘူး။

ကျိုးမော့လီရဲ့ မျက်လုံးတွေက လုယန်နဲ့ ချုံပုတ်ကြား ဟိုရွှေ့ဒီရွှေ့ဖြစ်နေတယ်။ နောက်ဆုံးတော့ သူက အရင်နေရာမှာပဲ ရပ်သွားတယ်။

သူက ဘာမှမပြောဘူး။ မျက်မှောင်ဖွဖွကြုတ်ပြီး တစ်ယောက်တည်း တွေးဆနေတယ်။

လင်းရှင်းမုန့်က ကျိုးမော့လီရဲ့ အမူအရာပြောင်းလဲသွားတာကို သတိပြုမိပြီး မေးလာတယ်။ "လုယန် နင်လမ်းပျောက်ပြီး ငါတို့ကို ဒီကိုမတော်တဆခေါ်လာမိတာလား။ ငါတို့နင့်ကို အပြစ်တင်မှာကြောက်ပြီး ငါ့တို့ကို ကိုင်တွယ်ဖြေရှင်းရအောင် သစ်ပင်တွေထဲကို ကျပန်းညွှန်ပြနေတာမလား"

တောင်တွေနဲ့ မက်စောက်တဲ့ တောက်ထိပ်တွေရှိပြီး လမ်းအခြေအနေတွေက မရှင်းလင်းဘူး။ ဒါပေမဲ့ လုယန်က သူမစိတ်ထဲမှာ မြေပုံတစ်ခု ရှိနေသလိုပဲ။ ဒီနေရာအထိ တောင်တွေထဲ သူမဝင်လာတဲ့ အချိန်ကစပြီး လုံးဝ မရပ်ခဲ့ဘူး။

ပရိုဂရမ်အဖွဲ့နဲ့ သူမ ဘာမှမပတ်သက်ဘူးဆိုရင် သူတို့ကို ဦးဆောင်လမ်းပြလာတဲ့ သူမက သူတို့ကို လိမ်ညာနေတာပဲ။

"သူတို့ဦးနှောက်တွေက တကယ်အလုပ်လုပ်နိုင်တာပဲ"

"ပရိုဂရမ်အဖွဲ့ရဲ့ ဇာတ်ညွှန်းက အရမ်းသိသာတယ်။ လုယန်က အရမ်းယုံကြည်မှုရှိနေတာ သဲလွန်စတွေနဲ့ မစ်ရှင်တွေကို ကြိုသိထားတာပဲဖြစ်ရမယ်။

"လုယန်က သူတို့ကို ရောင်းသွားရင်တောင် သူတို့ကသူမအတွက် ပျော်ပျော်ရွှင်ရွှင် ပိုက်ဆံရေပေးနေဦးမယ်လို့ ငါခံစားနေရတယ်"

ပရိုဂရမ်အဖွဲ့က လုယန်ရဲ့ တုံ့ပြန်မှုကို မြင်ချင်တာကြောင့် သူတို့က မိုးပျံကင်မရာကို ဖွင့်ပြီး ဖြည်း ဖြည်းချင်း ဆင်းသက်လာတယ်။

မိန်းကလေးရဲ့ အပြစ်အနာအဆာကင်းတဲ့ မျက်နှာအသွင်အပြင်တွေက ကြည်လင်ပြတ်သားမှုမြင့်တဲ့ စခရင်ပေါ်မှာ ပေါ်နေတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now