9 01
အခန်း ၉ လျင်မြန်တဲ့ ပြုလုပ်ပုံ
လက်ရှိလူတွေက အလွန်အံ့အားသင့်နေကြတယ်။ သူတို့အတွေးတွေကို စုစည်းပြီးနောက် မယုံနိုင်လောက်အောင် အထင်ကြီးသွားကြတယ်။
"ကျွန်မ တောင်းပန်ပါတယ်" လုယန်က အားတုံ့အားနာပြောတယ်။ "ကျွန်မကိုယ်ကျွန်မ မထိန်းလိုက်နိုင်ဘူး။ ကင်မရာကို သူ့ tab ပေါ်ပဲ တင်လိုက်ပါ"
သူမက ဒီလိုပြောရင်း လုမင်ယွဲ့ကို ညွှန်ပြတယ်။
ဒါရိုက်တာက ပြန်ဖြေတယ်။ "မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ ကင်မရာ ပျက်စီးသွားလဲ ပျက်စီးသွားတယ်ပေါ့"
"ဒါရိုက်တာက သူ့ကိုယ်သူ ပြုံးဖို့ အတင်းဖိအားပေးနေတာလား"
"ငါ့အတွက်တော့ ဒါရိုက်တာရဲ့ နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်နေတဲ့ပုံပဲ။ အသံက ရေတံခွန်ရဲ့ ရေကျသံထက်တောင် ပိုအားကောင်းသေးတယ်"
အမှန်တော့ ဒါရိုက်တာက စိတ်လှုပ်ရှားနေရုံတင်မကဘဲ ကင်မရာကိုလဲ ဂရုမစိုက်ဘူး။
ပရိုဂရမ်က တိုက်ရိုက်ထုတ်လွှင့်နေပြီး လက်ရှိအင်တာနက်မှာ ဒီမတော်တဆလေး အကြောင်းကို စိတ်လှုပ်လှုပ်ရှားရှားနဲ့ ဆွေးနွေးနေကြတယ်။
အစုပေါ်အမြတ်တွေ ကူးလူးသွားလာနေတာကို ဘယ်သူကမကြိုက်မှာလဲ။
နောက်ဆုံးတော့ လင်းရှင်းမုန့်နဲ့ ကျိုးမော့လီက အမှတ် ၆၀နဲ့ ပထမနေရာ၊ ဝမ်ကျန်းနဲ့ ချင်ယိထန်က ၄၂ မှတ်နဲ့ ဒုတိယနေရာရပြီး လုယန်နဲ့ လုမင်ယွဲ့က အမှတ် ၄၀ နဲ့ နောက်ဆုံးဖြစ်တယ်။
ပရိုဂရမ်အဖွဲ့က သူတို့ရဲ့ အဆင့်အတိုင်း လက်ဆောင်အိတ်တွေကို ဝေပေးပြီး အိတ်ထဲက ပါဝင်ပစ္စည်းတွေက အမျိုးမျိုးရှိတယ်။
ဒါပေမဲ့ သူတို့အားလုံးမှာ ရေ၊ ရွက်ဖျင်တဲတွေနဲ့ အန္တရာယ်လွတ်မြောက်ရေး နာရီတွေရှိတယ်။
ကျိုးမော့လီရဲ့အဖွဲ့က ပစ္စည်းအစုံလိုက်ပြည့်စုံတယ်။ အထူးသဖြင့် အစားအစာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ။ ချင်ယိထန် သေတ္တာကို ဖွင့်လိုက်ချိန်အများစုက အစားအစာတွေပဲ။ သူက ကင်မရာထဲမှာ ကံကောင်းတယ်ဆိုပြီး ဂုဏ်ယူဝံ့ကြွားပြီးပြောနေတယ်။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...