Part 16

790 97 1
                                    


အပိုင်း(၁၆): ဉာဏ်နီဉာဏ်နက်

"လုယန် ၊ ငါ မင်းကို သိလာတာ နှစ်တွေ အဲ့လောက်ကြာပြီ။ ငါ ဒီလိုဆိုလိုချင်တာ မဟုတ်ဘူးဆိုတာ သိတယ်မလား"

လင်းရှင်းမုန့်က လုယန် ကို အသနားခံတဲ့ အကြည့်တွေနဲ့ ကြည့်နေပါတယ်။

လုယန်က ပြန်တုန့်ပြန်လိုက်တာကတော့ "ဒါပေါ့။ ငါ နားလည်တယ်"

သူမ အဖြေကို ကြားလိုက်ရတော့ လင်းရှင်းမုန့်က အပျော်လုံး ဆို့သွားတယ်"မင်းကို ငါ့အုန်းသီးတွေ ပေးမယ်"

လုယန် ကို အုန်းသီးတွေ ပေးတာက လုမင်ယွဲ့ကို ပေးတာနဲ့ အတူတူ ပဲ လေ။ ဒီလို နည်းလမ်းနဲ့ လုမင်ယွဲ့ရဲ့ သူမ အပေါ် အမြင်ကောင်းရအောင် လုပ်နိုင်မှာပဲ ။

"မျှော်လင့်ထားသလိုပဲ ၊ ငါ့ပန်းတိုင်ကို ဉာဏ်နီဉာဏ်နက်သုံးပြီး ရောက်အောင်သွားနိုင်တယ်လေ" လင်းရှင်းမုန့်က တွေးလိုက်တယ်။

"ငါ တကယ်ကို လင်းရှင်းမုန့်ရဲ့ သနားစရာမျက်နှာကို သည်းမခံနိုင်တော့ဘူး။ အရင်ခေတ်သာဆိုရင် အပျော်အိမ်တစ်လုံးလုံး အဲ့မျက်နှာနဲ့ တင် လုပ်စားလို့ရနေပြီ"

"အပေါ်ကလူပြောနေတာ လင်းရှင်းမုန့်က အပျော်အိမ်ရဲ့ အဓိကမဏ္ဍိုင်တိုင်တောင် ဖြစ်နိုင်တယ်တဲ့ "

"လုယန် ရဲ့ လေသံက အရမ်းဝတ်ကျေတန်းကျေ ဖြစ်နေတာကို အကုန်မြင်နိုင်တယ်။ လင်းရှင်းမုန့်ပဲ မမြင်နိုင်တာလား"

လင်းရှင်းမုန့်က သူမ ရဲ့ တစ်ကိုယ်တော်ရှိုးမှာပဲ ပိတ်မိနေပြီး တကယ့် အခြေအနေမှန်ကိုတောင် သဘောမပေါက်နိုင်တော့ပါဘူး။

"မလိုပါဘူး" လုယန်ကငြင်းလိုက်တယ်။

လင်းရှင်းမုန့်က ဆွံ့အသွားပြီး မေးလိုက်တယ်"ဘာလို့ သူတို့က ငါ နဲ့ မပူးပေါင်းကြတာလဲ ဇာတ်ညွှန်းထဲမှာ ငါက အကုန်လုံးရဲ့ အချစ်တော်လေးလို့ ရေးထားတာမဟုတ်ဘူးလား"

ကျိုးမော့လီ မီးမွှေးသွားပြီး တဲ့ အခါ လှည့်ကြည့်လိုက်တော့ သူ့နားမှာ လူတစ်ယောက်မှ မရှိတော့တာ သတိထားမိသွားတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now