Part 22

623 101 1
                                    


အခန်း ၂၂ လုယန်နဲ့ သူမရဲ့ အသုံးမကျတဲ့အစ်ကို

သူဌေးကြီးတစ်ယောက်က ဒီဧရိယာကို အားလပ်ရက်ဗီလာဆောက်ဖို့ ဈေးကြီးပေးဝယ်ခဲ့ပေမဲ့ ဆောက်လုပ်ရေး နှောင့်နှေးမှုကြောင့် နှစ်အနည်းငယ်လောက် စွန့်ပစ်ထားခဲ့တယ်။

လူတွေက ပတ်ဝန်းကျင်ကို မဖွံ့ဖြိုးစေဘူး။ ထူထပ်တဲ့ တောကြီးနဲ့ အုံ့ဆိုင်းနေတဲ့ သစ်ကိုင်းတွေက လျို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကို ပေါင်းထည့်နေတယ်။ ပြန့်ပြူးနေတဲ့မြေ၊ ကမ်းစပ်ကနေ စီးဆင်းနေတဲ့ ကြည်လင်နေတဲ့ ရေပြာနဲ့ ပင်လယ်ပြာကြီး တွေ့ဆုံနေတာကို မြင်ရတယ်။

ပရိုဂရမ်အဖွဲ့က ကင်မရာတွေကို တပ်ဆင်နေချိန် သဘာဝဖြစ်စဉ်တွေကို မဖျက်ဆီးဘဲ လုံခြုံရေးကိန်းညွှန်းကိုလဲ မှတ်ချက်ချခြင်းမရှိခဲ့ဘူး။

ကန္တာရထဲ ရှင်သန်ရေးက လူသူကင်းမဲ့တဲ့နေရာမှာ အမြဲတမ်း နေထိုင်တဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ ရေရေရာရာ မသိရတာတွေအတွက် ရပ်တည်နေတာ။

ကန္တာရ ဒုတိယအပိုင်းရဲ့ ရိုက်ကွင်းတည်နေရာက ပထမနေရာထက် ရန်ပုံငွေပိုတောင့်ပေမဲ့ တူညီတဲ့ အန္တရာယ် ကိန်းညွှန်းကလဲ မြင့်လာတယ်။

လုယန်ကလွဲပြီး ကျန်တဲ့ဧည့်သည်တွေ အားလုံးက သူတို့အဖွဲ့ကို မဝင်ခင် အာမခံလက်မှတ်ထိုးခဲ့ရတယ်။

ထုတ်လုပ်ရေးနေရာမှာ ဧည့်သည်တွေက မတော်တဆတစ်စုံတစ်ရာကြုံခဲ့ရင် ဧည့်သည်တွေကသာ တာဝန်ယူရမှာ ဖြစ်ပြီး ပရိုဂရမ်နဲ့ ဘာမှမဆိုင်ဘူး။

ဒါက သေရေး၊ရှင်ရေးအခြေအနေ နဲ့တူပေမဲ့ ဧည့်သည်တွေက ပရိုဂရမ်အဖွဲ့ ပစ်ထုတ်လိုက်တဲ့ ကိတ်ပူပူကိုပဲ စိုက်ကြည့်နေကြတယ်။

သူတို့ ငြင်းပယ်လိုက်တာနဲ့ မရေတွက်နိုင်တဲ့လူတွေက စာချုပ်လက်မှတ်ထိုးဖို့ စုပြုံလာလိမ့်မယ်။

ဒီကိတ်ပူပူရဲ့ အပိုင်းကလဲ ဒီ variety show မှာ ပါဝင်ဖို့ ကျိုးမော့လီ သဘောတူလိုက်ရတဲ့ အကြီးဆုံးအကြောင်းပြချက်ပဲ။

ဆုတွေပါဝင်နေပေမဲ့ အောက်ဖော်ပြအတိုင်းပဲ ကန့်သတ်ထားတာ မဟုတ်ဘူး။ အကြီးစား IP ရုပ်ရှင်ပရောဂျက်ရဲ့ အဓိက သရုပ်ဆောင်၊ ထိပ်တန်း luxury ဘရန်းရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ပြီးတော့ သီးသန့်ထုတ်လုပ်ရေး ဂရိုဂရမ် အသစ်တစ်ခု။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now