အခန်း ၃ ကောလဟာလထဲက ညီမလေး
"လုယန် မင်းဒီလောကထဲ ဝင်ချင်ရင် ငါ့မှာအရင်းအမြစ် တစ်ပုံကြီး ရှိတယ်။ ဒီ variety show မှာ ဘာမှကောင်းတာ မရှိဘူး။ ဒါ့အပြင် မင်းက ငယ်သေးတော့ အားနည်းတယ် ငါ့လို အရေပြားထူတဲ့သူနဲ့ မယှဉ်နိုင်ဘူး။ ဒီရှိုးမှာ မင်းလဲကျပြီး ဒဏ်ရာရသွားရင် မားက ငါ့ကို အရှင်လတ်လတ် အရေခွံခွာလိမ့်မယ်"
လုယန်က သူမလက်ကို မြှောက်ပြီး မျက်လုံးထဲမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ အကြည့်တစ်ခုနဲ့ လုမင်ယွဲ့ ရဲ့ လက်မောင်းကို ထိလိုက်တယ်။
သူမ စောင်းပါးရိပ်ခြည် ပြောတာကို လုမင်ယွဲ့ ချက်ချင်းနားလည်လိုက်တယ်။
လုယန်ရဲ့ မျက်လုံးတွေက သူ့မှာ အရည်အချင်းမရှိဘူးလို့ သွယ်ဝိုက်ပြောနေတာ။
လုမင်ယွဲ့က တံတွေးမျိုချလိုက်မိတယ်။
မိနစ်အနည်းငယ်လောက် မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေပြီးနောက် လုမင်ယွဲ့က သူမ တောင်းဆိုချက်ကို အလေးပေးလိုက်ရတော့တယ်။
လုချန်နဲ့ နင်ချင်းယွင်က လုယန်အတွက် စိတ်မကောင်းဖြစ်ကြတယ်။ ဒါကြောင့် သူတို့က လုယန်တောင်းဆိုတဲ့ ဘယ်ဟာကို မဆို သဘောတူလိမ့်မယ်။ သူမကို ဖျောင်းဖျဖို့ သူဘယ်လောက်ပဲ ကြိုးစားပါစေ အသုံးမဝင်ဘူးဆိုတာ လုမင်ယွဲ့ သိတယ်။
အဲ့တော့ သူသဘောတူရုံပေါ့။
တကယ်တော့ လုယန် ဂရုစိုက်တာက သူမအစ်ကို ကို လုံလုံခြုံခြုံ အိမ်ပြန်ခေါ်လာဖို့ ပါပဲ။
ကန္တာရ variety show က တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်တယ်။ ပြင်ဆင်မှုမရှိဘဲ တကယ့်အချိန်မှာ တောရိုင်းထဲက ပါဝင်သူတွေရဲ့ နေထိုင်ပုံကို အမိအရ ရိုက်ကူးဖို့ ကြံစည်ထားတာပင်။
ဝင်ငွေနည်း variety show တစ်ခုအနေနဲ့ ကန္တာရရဲ့ ပထမပိုင်းက အရမ်း ရေပန်းစားသွားခဲ့ပြီး နာမည်မကြီးတဲ့ အနုပညာရှင်ကို ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် အဖြစ် ပြောင်းလဲသွားစေတယ်။ ဒုတိယပိုင်းကို ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းထုတ်ပြန်လိုက်ချိန် လူအများကြီးက ဒီအနံ့အရသာရှိတဲ့ ရှိုးကို စောင့်ကြည့် နေကြတော့တယ်။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...