အပိုင်း - ၁၁
" ဘယ်တော့မဆို စကားကောင်းပြောမရဘူး အရူးလေး "
" ဟုတ်တယ် အစ်ကို့ကိုချစ်နေတဲ့ အချစ်ရူးလေးပေါ့ "
တစ်ဦးနှင့်တစ်ဦး တင်းကျပ်စွာထွေးပွေ့ထားရင်း အနမ်းတို့ဖလှယ်မိကြသည်။ အတူသာရှိနေရရင် အချိန်မရွေးနေရာမရွေး
ရက်ရာဇာပါဘဲ ။*
*
*
*
*
*
*
*" ကိုဟိန်း နင်တို့သတင်းတွေရွာထဲပြန့်နေတာ မကြားချင်တဆုံးနော်။ အနေအထိုင်ဆင်ခြင်လိုက်လို့ပြောရအောင်လဲ
မိန်းကလေးမဟုတ်ပြန်။ နင်နဲ့လဲ အတော်ခက်နေပါတော့လား"သားမိနှစ်ယောက် မျက်နှာချင်းဆိုင်တယ်ဆိုရင်ပဲ အမေက
ဆူပူလာပြန်သည်။ နင်တို့သတင်းဟုအစချီလာထဲက ဘာကိုဆိုလိုမှန်း တန်းသိလိုက်သည်။" ဦးစာကလေးတစ်ယောက် တစ်ရွာလုံးကိုလိုက်ပြောထားတဲ့
ကောက်ရိုးပုံမှာချိန်းတွေ့တဲ့ကိစ္စလား အမေ "ကိုယ်ပြန်မေးလိုက်သည့်စကားကို ဟေမာန်တို့သားအမိတွေကြားသွားမှာစိုးရိမ်ပုံဖြင့် အမေတစ်ယောက် ထိတ်ထိတ်ပျာပျာဖြစ်သွားတာ နည်းနည်းတော့ရီစရာကောင်းသည်။
" နင့်အသံကိုတိုးတိုးပြောစမ်း ၊ ဧည့်သည်တွေကြားသွားလိမ့်မယ် "
" ကြားသွားလဲ အမှန်တရားပဲလေအမေ "
" နင်တစ်ယောက်နဲ့တော့ ပြောလေကဲလေဖြစ်နေပါပြီ။
လာ ငါ့နောက်လိုက်ခဲ့ "ပြောပြောဆိုဆိုဖြင့် ကိုယ့်လက်ကိုဆွဲ၊ အိမ်ပေါ်မှဆင်းကာ
ခြံနောက်ဖက်သို့ခေါ်လာလေ၏။" နင့်ကိုငါ ပြောပေါင်းမနည်းတော့ဘူးနော်ငဟိန်း။ ဒီးဒီးဆိုတဲ့ကောင်နဲ့တွဲပြီး နင်ပါ နာမည်ပျက်ချင်နေတာလား။ ရပ်ရွာထဲ လူမှုရေးကိစ္စကစပြီး အကုန်လုံးက နင့်ကိုနေရာပေးလေးစားနေတာ ။ အဲဒါကို ဟိုအကောင်နဲ့တွဲပြီး နင်က အခြားသူတွေမေးငေါ့ခံရအောင်နေ,နေတယ် "
" အမေ ကျွန်တော့်ကိုဆူမယ်ဆို ကျွန်တော့်ကိုပဲပြောပါလား။
ဘာလို့ ဖိုးရွှေဒီးကြောင့်ဆိုပြီး မဆိုင်တဲ့ကလေးကိုဆွဲထည့်နေရတာလဲ ။ သူကြားသွားရင်လဲ မကောင်းဘူး "
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024