Part - 21 ( Uni)

2.2K 167 5
                                    

အပိုင်း -၂၁

ငချိန့်ဆီမှပြန်လာသည့်လမ်းတစ်လျှောက်တွင် စာသားတွေသေချာကျက်ထားသည့်သီချင်းတစ်ပုဒ်အား တစ်ချို့နေရာတွင် စာသားအနည်းငယ်ပြောင်းကာ ခပ်တိုးတိုးသီဆိုနေမိတော့၏။

🎶 ယောကျ်ားယူတာမှားပြီ ယောက္ခမအလွန်အနိုင်ကျင့်သည်ဒီယောကျ်ားကို ကွာရှင်းလိုက်ရင် ဘယ်လိုနေမလဲ××× ယောက္ခမဆိုတဲ့အဖွားကြီး ဆွေ့ဆွေ့ခုန်နေတော့မည် ဒီသတင်ကြားရင် ဘုရားတရားတကာ ငိုနေရတော့မည် 🎶

*
*
*
*
*
*
*
*

အရင်နေ့တွေလိုပဲ အိမ်ရှေ့မှာအသံမျိုးစုံကိုကြားရသည့်အခါ အိပ်ရာနိုးလာရသည်။ ပုံမှန်ဆို ယောက္ခမရဲ့ဘုရားရှစ်ခိုးသံကိုကြားရသည်နှင့်တပြိုင်တည်း ကိုယ်တွေလည်း မျက်နှာသစ်၊
ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပြင်ကြသည်။ ဒီနေ့တော့ အစ်ကိုအရင်အိပ်ရာထသည့်အထိ ကိုယ်ငြိမ်နေလိုက်၏။ မျက်နှာသစ်ပြီး အခန်းထဲပြန်ဝင်လာသည့်အစ်ကိုသည် အိပ်ရာထဲမှမထသေးသည့် ကိုယ့်အနားမှာလာဝင်ထိုင်ရင်း

" ဖိုးရွှေဒီး နေမကောင်းဘူးလား အခုထိအိပ်နေသေးတော့ "

ပြောလည်းပြော လက်တစ်ဖက်က ကိုယ့်နှဖူးထက်လာစမ်းကြည့်နေပြန်သည်။

" ကိုယ်တော့မပူပါဘူး "

" ခေါင်းထဲမူးနောက်နောက်ဖြစ်နေလို့ အိပ်နေတာ "

အမှန်တော့ ခေါင်းမူးဖို့နေနေသာသာ ကြည်လင်လန်းဆန်းလွန်နေတာပါ။ စောစောစီးစီး မုသာဝါဒကျူးလွန်လိုက်တယ်ဆိုပါတော့။

" ခေါင်းမူးနေတာလား ညကလဲ အစောကြီးအိပ်ပါတယ်။ ရှေ့ရက်တွေကပင်ပန်းနေလို့များ အားနည်းသွားသလားပဲ "

အစ်ကိုသည် သူ့ဘာသာတစ်ယောက်ထဲ ပြောလည်းပြော၊ကိုယ့်ကိုလည်း နှဖူးလေးထပ်စမ်းလိုက် ဆံပင်လေးသပ်ပေးလိုပ်ဖြင့် အလုပ်များနေရှာသည်။ ဒီလိုဆိုပြန်တော့လည်း မိုးလင်းမိုးချုပ် ကိုယ့်ထက်အလုပ်ပင်ပန်းသူကို အားနာသနားမိပြန်သည်။ ဒါပေမဲ့ ကိုယ်ဒီလိုမှဉာဏ်မများရင် တစ်သက်လုံးပင် ကိုယ့်ယောကျ်ားအနားကို ကပ်ခွင့်ရတော့မှာမဟုတ်ချေ။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed) Where stories live. Discover now