Part - 17 ( Uni )

2K 139 6
                                    

အပိုင်း - ၁၇

ကိုယ်ဘယ်လိုပြောပြော အိမ်ပြန်ဖို့အတွက်ကြောက်နေသည့်ကောင်လေးက တုတ်တုတ်မျှမလှုပ် ။ မျက်နှာချင်းဆိုင်မိတာနှင့်သူ့ကို ထိတ်တုံးနဲ့ညားအောင်လုပ်တတ်သည့်ယောက္ခမကိုကြောက်နေတာလည်း သူ့အလွန်တော့မဟုတ်ပေ။ အိမ်က
အမေ့ကိုက ကလေးကိုကြောက်အောင်ခြောက်ထားထားတာကိုး။ နောက်ဆုံး ကိုယ်ဆွဲလွဲခေါ်တော့မှ အိပ်နေရင်းပုံစံဖြင့်ပါလာလေတော့။ စွတ်ကျယ်ဂျိုင်းပြတ်က ကျယ်လွန်းနေသည့်အပြင် အောက်ဖက်မှာလည်း ကာတွန်းရုပ်ပါသည့်ဘောင်းဘီတိုနှင့်ဖြစ်နေ၏။ ဆိုင်ကယ်ရှေ့မှာအဝတ်ထုတ်တင်ရင်း
ဖိုးရွှေဒီးကိုပါတင်ဆောင်လာသည့် စီးတော်ယာဉ်လေးသည်အေးသာယာရွာလေးသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် မောင်းနှင်နေလေတော့သည်။

*
*
*
*
*
*
*
*

အိမ်ရှေ့မှာဆိုင်ကယ်ရပ်ပြီး အခြေအနေကိုခဏရပ်ကြည့်နေလိုက်သည်။ အိမ်ထဲမှာလူရှိနေတယ်မထင်ရအောင်ပင် တိတ်ဆိတ်လို့။ အဝတ်ထုတ်ကိုလက်တစ်ဖက်နဲ့ဆွဲပြီး ကျန်လက်တစ်ဖက်နဲ့ဖိုးရွှေဒီးလက်ကိုဆွဲကို အိမ်ပေါ်တက်ဖို့ပြင်ပေမည့် ကိုယ့်အနောက်မှလူကပါမလာ။ လှည့်ကြည့်လိုက်တော့ ခန္ဓာကိုယ် ကိုတစ်ဖက်လှည့်ထားပြီး ရပ်နေသည့်နေရာမှာပင် ခြေစုံကန်ကျောက်ချထားသလိုနေလေ၏။

" အိမ်ပေါ်တက်ရအောင်ကလေး "

ကိုယ့်စကားဆုံးတော့ ငိုမဲ့မဲ့မျက်နှာနှင့် ခေါင်းကိုသွက်သွက်ပါအောင်ခါပြလာသည်။ ပုံစံကလည်း တစ်ခုခုဆိုတာနှင့် ထွက်ပြေးလို့အဆင်သင့်ဖြစ်မည့် အနေအထားဖြစ်နေသေး၏။ ဖိုးရွှေဒီးပုံစံကိုမြင်ရတာ သနားလည်းသနားသလို ရီလည်းရီချင်မိသည်။

" ကြောက်စရာမလိုဘူးလို့ ကိုယ်ပြောထားတယ်လေ။ အိမ်ပေါ်တက်ရအောင်နော် "

" ဟင့်အင်း!! "

ချက်ချင်းပင်ထပ်ကာငြင်းဆန်နေပုံက အိမ်ပေါ်တက်ရမှာကိုတကယ်ပင်ကြောက်ရွံနေကြောင်းသိသာလေသည်။

" ကြောက်နေတာကို သိပါတယ်။ ဒါပေမဲ့ အစ်ကို့ကိုတော့ ယုံကြည်မှရမယ်လေ။ ဒီအခြေအနေကို မဖြစ်မနေကျော်ဖြတ် ရမှာပဲ။ အစ်ကို့အမေက ပါးစပ်ပြောကြမ်းပေမဲ့ လက်တော့မပါ,ပါဘူး။ အဲဒါကိုယုံ "

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now