Part - 26 ( Uni )

1.8K 124 6
                                    

အပိုင်း -၂၆

နဖူးထက်နွေးထွေးသွားရသည့်အနမ်းတစ်ပွင့်နှင့် ခိုနားစရာရင်ခွင်ကျယ်တစ်ခု။ အစ်ကိုက ကိုယ့်ကို လိမ္မာတယ်လို့ချီးကျူးခဲ့ပေမည့် အစ်ကို့ကိုမပြောဘဲလှို့ဝှက်ထားသည့်အကြောင်းလဲရှိသေးသည်။ အငြင်းခံရလည်း ကိုယ်မှမဟုတာတာဆိုသည့်စိတ်ဖြင့် ငချိန့်ကို ရည်းစားစကားသွားပြောဖို့မြှောက်ပေးဖူးခဲ့သည့်အကြောင်းကိုပေါ့။ ယောကျ်ားယူထားတာ ဘယ်လောက်ကောင်းသလဲဆိုတာကို နဖူးတွေ့ဒူးတွေ့ သိရှိခံစားနေရသည့်ကိုယ့်ရင်ထဲက စစ်မှန်သည့်ဆန္ဒတစ်ခုမှာတော့

" သူငယ်ချင်းတွေ လင်ရရေး ဒီးဒီးအရေး!"
" သူငယ်ချင်းတွေ လင်ရရေး ဒီးဒီးအရေး!"
" သူငယ်ချင်းတွေ လင်ရရေး ဒီးဒီးအရေး!"

*
*
*
*
*
*
*
*

" ဒီးဒီး "

" ဗျာ အမေ "

" နင့်ယောက္ခမအိမ်မှာနေတာ အဆင်ရောပြေရဲ့လား ။စိန်မမဆိုတာ အစထဲကအပြောအဆိုမတတ်တာနဲ့ နင်ကအနေအစားမတတ်တာနဲ့တွေ့ပြီး ယောက္ခမနဲ့သမက် နေ့တိုင်းကိုရန်သတ်မနေကြဘူးလား "

ဒီနေ့မှာတော့ ဒီးဒီးတစ်ယောက် ယောက္ခမအလစ်ကိုချောင်းကာ အမေ့အိမ်ကို ထွက်လာခဲ့ခြင်းဖြစ်သည်။ အစ်ကိုတစ်ယောက် အလုပ်ကိစ္စနဲ့ နေ့ချင်းပြန်ခရီးတစ်ခုသွားနေရတာကြောင့် အိမ်မှာလည်း တစ်ယောက်ထဲမနေချင်တာကြောင့် အမေ့အိမ်လာပြီး အဆီရစ်ဖို့အတွေးရလိုက်တာဖြစ်သည်။

အိမ်ကိုရောက်တာနှင့် နောက်ဖေးမီးဖိုချောင်တန်းဝင်ကာ မစားရတာကြာနေပြီဖြစ်သော အမေနဲ့အစ်မလက်ရာကို အားရပါးစားနေမိတာ ထမင်းသုံးပန်ကန်ပင်ကုန်သွားလေတော့၏။ ဒါတောင် ပါးစပ်ကထပ်စားချင်နေပြီး ဗိုက်ကမဆံ့တော့လို့ မရပ်ချင်ရပ်ချင်ဖြင့် ထမင်းစားတာကိုရပ်လိုက်ရတာဖြစ်သည်။ ထမင်းစားပြီးတာနှင့် အစာကြေစေဖို့ ထန်းလျက်ခဲလေးမြုံ့ရင်း လက်ဖက်တစ်ပန်းကန်ကိုပါ မိနစ်ပိုင်းအတွင်းအပျောက်ဖျောက်နိုင်ခဲ့လေ၏။

အိမ်ထောင်ကျပြီးသည့်နောက်ပိုင်း သိသိသာသာတိုးတက်လာတာဆိုလို့ အစ်ကိုနဲ့အတူ အစားအ သောက်မှန်သမျှကို တက်ညီလက်ညီစားနိုင်တာပဲဖြစ်၏။ လင်ကောင်းသားကောင်းရထားတဲ့သူဆိုတော့လည်း အချိန်တိုင်းပင် စားဝင်အိပ်ပျော်နေတာပါပဲ။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now