Part - 14 ( Uni)

2.2K 186 9
                                    

အပိုင်း - ၁၄

" ဟုတ်ပြီငဒီး ငါသူ့ကိုဖွင့်ပြောလိုက်တော့မယ် "

ဒီးဒီးလည်း လက်သီးတစ်ဖက်ကို မာန်ပါပါဆုပ်ပြလိုက်ရင်း

" ကြိုးစားထားသူငယ်ချင်း ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်"

ကြိုးစားသမျှအရာမထင်ရင်လဲ မင်းထိုက်နဲ့မင်းကံပေါ့သူငယ်ချင်းရယ်ဆိုသည့်စကားကိုတော့ စိတ်ထဲမှသာ အသံတိတ်ဆက် ပြောလိုက်သည်။
လူတိုင်းက ဖိုးရွှေဒီးလေးမဟုတ်လေတော့
ကိုယ့်လိုမျိုးကံကောင်းလိမ့်မယ်လို့တော့ တစ်ထစ်ချအာမ,မခံနိုင်။ ဟုတ်တယ်ဟုတ်။

*
*
*
*
*
*
*
*

" ဒီးဒီး နင့်အစ်မနှစ်ယောက်ကို သေချာခေါ်သွားနော်။ ပြန်လာရင်လဲအတူပြန်လာအုံး နင်ကဟိုဝင်ဒီထွက်လုပ်ပြီး ကျန်မနေခဲ့နဲ့။ အရမ်းကြီးညဥ့်နက်အောင်မနေနဲ့နော်။ မိန်းကလေးတွေပါတယ်။
အမေ မလိုက်တော့ဘူး ခေါင်းတွေအုံနေလို့"

မနက်ပိုင်းသိမ်ရေစက်ချပွဲပြီးလို့် ညဘက်ပျော်ပွဲရွှင်ပွဲသွားဖို့ပြင်ဆင်နေသည့်အချိန် ဘေးမှနေပြီး မှာစရာတွေတန်းစီပြောနေသည့်အမေ့ကြောင့် ခေါင်းတွေပင်ကိုက်လာရတော့သည်။ ရွာထဲမှ လူငယ်တွေစီစဉ်သည့်ကပွဲကို လိုက်ကြည့်မည့်အစ်မနှစ်ယောက်ကို ကိုယ်နဲ့အပ်ပြီးထည့်ပေးရအောင် သူတို့က ကလေးတွေလည်းမဟုတ်။
အမေနဲ့လည်းခက်တယ်။

" ဒီးဒီး အမေပြောတာကြားလား "

" ဘေးနားကပ်ပြီးပြောနေတာကိုမကြားရအောင် သားကနားလေးနေတာမှမဟုတ်တာလို့အမေရယ် ။ တစ်လုံးမကျန် အကုန်ကြားတယ် "

စိတ်ညစ်ညစ်နဲ့ ဂျစ်ကန်ကန်ပြန်ပြောလိုက်မိသည် ။ ဘယ်သွားသွား ကိုယ့်ဘာသာလွတ်လွတ်လပ်လပ်သွားချင်သည်။ မိန်းကလေးတွေပါလာရင် စိတ်ရှုပ်ရတယ်။

" ကြားရင်လဲ ကြားတဲ့အကြောင်းစကားပြန်လေ "

" အဲဗျာ အမေတို့လဲ တကယ်ကိုစာအုပ်ကြီးသမားတွေနော်။ တိကျချက်ကလက်ကုန်ပဲ။ နောက်ပြီး ကျွန်တော်က ပွဲမှာကရအုံးမှာ နံပါတဘယ်လောက်မှန်းမသိသေးဘူး။ နံပါတ်နောက်ရောက်ရင်နောက်ကျမှာလေဗျာ။ အစ်မတို့ကို သူ့ဘာသာသွားခိုင်းလိုက်ပါလား ကျွန်တော်က ကန်လန့်ကန့်လန့်နဲ့ "

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed) Where stories live. Discover now