Part - 12 ( Uni )

1.8K 141 9
                                    

အပိုင်း - ၁၂



🎶 ခန္ဓာရလာ အိုရမှာ အဲဒါသူ့အလုပ်ပါ ×× ခန္ဓာရလာ နာရမှာ အဲဒါသူ့အလုပ်ပါ ×× ခန္ဓာရလာ သေရမှာ အဲဒါသူ့အလုပ်ပါ 🎶

ရုတ်တရက်ကြားလိုက်ရသည့်သီချင်းသံကြောင့် ဈေးရောင်းနေသည့်ကလေးအမေမှာ ရောင်းလက်စပစ္စည်းတွေကိုပစ်ချရင်း
သူ့ကလေးရှိရာသို့ အပြေးအလွှားသွားလေတော့သည်။

" အောင်မလေး ဒီးဒီးလင်းရောင်ခြည်ရဲ့ ။ ကလေးသိပ်စရာသီချင်းကဒီလောက်ရှားသလားဟဲ့။ နင်ဟယ် နင် "

*
*
*
*
*
*
*
*

" အစ်မတို့နှစ်ယောက် ဘယ်ကပြန်လာတာလဲ "

" အောင်မလေးဟဲ့ လန့်လိုက်တာ "

ညနေစောင်းကြီး အပြင်မထွက်စဖူးထွက်သွားသည့် အစ်မနှစ်ယောက်ကို အိမ်အောက်မှထိုင်စောင့်ပြီးမေးလိုက်သည့်အသံကြောင့် နှစ်ယောက်စလုံးလန့်သွားပုံရလေသည်။ မယုကလန့်အော်ပြီး မလမင်းက မျက်စောင်းထိုးလာသည်။

" အေးလေ လန့်လိုက်တာ နင်ရော ဘာထိုင်လုပ်နေတာလဲ "

အောင်မယ်မယ် သူတို့ကပဲ ကိုယ့်အိမ်ကိုယ်နေသူကို ပြန်ပြီးစစ်လားဆေးလားနဲ့။ ရည်းစားလေးနဲ့အတူ အံ့သြပါ့။

" ဟောဗျာ ကိုယ့်အိမ်မှာကိုယ်ထိုင်နေတာလေ ။ အစ်မကြီးတို့ ဘယ်ကပြန်လာတာလဲမေးတာလေးကို ဘာတွေလန့်စရာပါနေလို့တုန်း ။ ဘာတွေမဟုတ်တာလုပ်ထားလို့ လန့်နေတာလဲ ။ မှန်မှန်လိမ်စမ်း "

" အောင်မယ်! ဘာကိုမဟုတ်တာလုပ်ထားရမှာတုန်း၊ ငါတ်ု့ိစက်ဆိုင်ကိုအကျႌသွားအပ်ပြီးစကား ပြောနေလို့ အပြန်နောက် ကျသွားတာ ။ နင်ကပဲ မေးလားမြန်းလားနဲ့ အကြီးတွေကို"

" အင်းလေ အဲဒါဆိုလဲ ပြီးပြီပေါ့။ ဘာလို့မလုံမလဲဖြစ်နေတာလဲ။ ခြေလှမ်းတွေနော် ခြေလှမ်းတွေ သိနေတယ်။ ဒီးဒီးကို အချဉ်မှတ်မနေနဲ့။ ဒါမျိုးတွေကို လွန်ခဲ့တဲ့ခုနစ်နှစ်လောက်ထဲကဖိုးရွှေဒီးလေးလုပ်လာတာ အရိုးရင့်ပြီးအံတိုနေပြီ"

" ဒီးဒီး! !!"

မယုက မျက်လုံးကြီးပြူး ၊အိမ်ပေါ်လှမ်းကြည့်ရင်း အသံခပ်တိုးတိုးဖြင့်အော်လာပြန်၏။ ဒီနှစ်ယောက် တကယ်ကိုတစ်ခုခုပဲ။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now