အပိုင်း - ၂၉
ယောကျ်ားမျက်နှာမတွေ့ခင်က ပြိုတော့မဲ့မိုးလိုဖြစ်နေသည့်ကောင်က အခုတော့ သူ့လင်ငဟိန်းခွံ့ကျွေးသည့်ထမင်းကိုတစ်လုပ်ပြီးတစ်လုပ်စားရင်း တဟီးဟီးဖြစ်နေပုံကိုတွေ့လိုက်ရသည့်ဒေါ်စိန်မမတစ်ယောက်ကတော့ သမက်အလိမ္မာတုန်းကို
နောက်ကနေပြီး တင်ပါးကိုသာ ဖနောင့်ဖြင့်ဆင့်ကာဆင့်ကာပေါက်ချင်နေမိတော့သည်။ သူ့ဘက်ကနေ ဝင်နာပေးမိသည့်ကိုယ်က သောက်ပေါကြီးကိုဖြစ်လို့။ ချစ်ပေးလို့ကိုမရသည့်မေတ္တာတုံးလေး။*
*
*
*
*
*
*
*အိပ်ခန်းထဲမှာနေ၍ အပြင်ကိုခေါင်းလေးထွက်ကာချောင်းကြည့်လိုက်သည်။ ယောက္ခမကြီးကိုတော့မတွေ့ရဘူး ။ အစ်ကိုကခုံပေါ်မှာထိုင်ရင်း ဂျာနယ်တစ်စောင်ကိုစိတ်ဝင်တစားဖတ်နေလေသည်။ ဒီလောက်ဆိုအခြေအနေက အိုခေ။
အခန်းအပြင်ကို ခြေသံဖွဖွနင်းပြီးထွက်လာလိုက်သည်။ ဂျာနယ်ဖတ်နေသော အစ်ကို့နောက်ကျောသို့ရောက်ခါနီးသောအခါ အသက်ကိုပင်အောင့်ထားပြီး သတိအနေအထားဖြင့်လှမ်းလျှောက်ကာ အိမ်ရှေ့တံခါးသို့အရောက် ဖိနပ်စီးတော့မည့်အချိန်မှာပင်း
" ဒီလောက်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာ ဘယ်သွားမှာလဲ ပြောကြည့် "
နောက်ကျောဆီမှကြားရလိုက်ရသည့်အသံကြောင့် လှမ်းလက်စခြေလှမ်းတို့ စက္ကန့်ပိုင်းမျှရပ်တန့်သွားရလေသည်။ ထိုနောက်မှာတော့ ချက်ချင်းဆိုသလိုပင် နောက်ကိုလှည့်ကြည့်လိုက်၏။ ပြီးတာနှင့် ကိုယ့်ကိုလှမ်းကြည့်နေသူအား သွားတိုက်ဆေးကြော်ငြာသူလို ရှိရှိသမျှသွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ရီပြလိုက်မိတော့သည်။
" ဟီးး "
" မေးတာမဖြေဘဲ သွားလာဖြဲပြနေတယ် သွားဖြဲပြမနေနဲ့ ကိုယ်ကနွားပွဲစားမဟုတ်ဘူး "
ခပ်တည်တည်နှင့်ပြောလာသော အိမ်ဦးနတ်ကြီး၏စကားကြောင့် မျက်နှာချိုသွေးနေသောဒီးဒီးတစ်ယောက် ချက်ချင်းပင် မျက်နှာမဲ့သွားရလေတော့သည်။ နှုတ်ခမ်းကလည်း ရှေ့ကိုနှစ်တောင်လောက်စူထွက်သွားရလေ၏ ။ အခုချိန်ထိ
ခပ်တည်တည်နှင့်ရှိနေသေးသော အစ်ကို့အနားကို ဆောင့်ဆောင့်အောင့်အောင့်ဖြင့် လျှောက်သွားလိုက်သည်။

YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Lãng mạnပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024