Part - 16 ( Uni )

7.2K 333 4
                                        

အပိုင်း - ၁၆

" ကိုယ် ဖိုးရွှေဒီးကိုအရမ်းချစ်တယ်နော် "

" ကျွန်တော်လဲ အစ်ကို့ကို အရင်ကထက် အများကြီးအများကြီးကို ပိုပိုပြီးချစ်တယ်"

မောပန်းလွန်းနေတာကြောင့် စကားပင်အများကြီးမပြောနိုင်ချေ။ တစ်ဦးကိုတစ်ဦးသာ တင်းကျပ်စွာဖက်ထားမိတော့၏။

*
*
*
*
*
*
*
*

အေးသာရွာတစ်ရွာလုံး အုတ်အော်သောင်းတင်းဖြစ်နေလေတော့သည်။ အကြောင်းမှာ ဒေါ်ခင်မူယာ၏ သမီးနှစ်ယောက် မြို့ကြီးသားမောင်နှမနှစ်ယောက်နှင့် ခိုးရာလိုက်ပြေးသွားသောကြောင့်ဖြစ်သည်။ ထိုသတင်းနှင့်အပြိုင် ရွာထဲတွင်နာမည်
ကြီးနေသော နောက်ထပ်သတင်းမှာ ဒေါ်စိန်မမ၏သား ဟိန်းခန့်ရှင်းနှင့် ဒေါ်ခင်မူယာ၏သား ဒီးဒီးလင်းရောင်ခြည် တို့လည်း ခိုးရာလိုက်ပြေးသွားသည့်သတင်းပင်ဖြစ်၏။တစ်ရွာလုံး မကြုံစဖူးတစ်မူထူးလှသော ခိုးပြေးပြိုင်ပွဲကြီး၏သတင်းစုံကို တိုးတိုးတိတ်တိတ်စုံစမ်းကာ တစ်ဦးနှင့်တစ်ဦး၊
တစ်အိမ်နှင့်တစ်အိမ် လက်ဆင့်ကမ်း သတင်းပို့နေကြလေ၏။

တစ်အိမ်ထဲရှိ သားသမီးသုံးယောက်စလုံး ခိုးရာလိုက်ပြေးသွားသည့်ဒေါ်ခင်မူယာခမျာ အဖြစ်မှန်တွေကိုသိ,သိချင်းမှာပင် သ တိလစ်သွားသဖြင့် သူ့ယောကျ်ားနှင့် အိမ်နီးချင်းများမှဝိုင်းပြီး နှာနှပ်ယူလိုက်ရသေးသည်။ တစ်ဖက်မှာလည်း ဒေါ်စိန်မမတစ်ယောက် သူ့အိမ်မှာဝုန်းဒိုင်းကြဲနေရာ အေးသာရွာတစ်ရွာလုံး အာဠာဝကဘီလူးဝင်စီးခံရသလိုဖြစ်နေလေတော့၏။ ရွာသားများမှာလည်း ဒေါ်စိန်မမနှင့် ဒေါ်ခင်မူယာ၏ ရန်ပွဲတွေကို ရှေ့ကာလတွေမှာသိမြင်ထားသဖြင့် အခုအချိန်မှာတော့ သူကြီးအိမ်ပဲရောက်မလား ၊ အချုပ်ထဲကိုပင်သွားရမလားဆိုပြီး ရင်တထိတ်ထိတ်ဖြင့်ပွဲမျှော်နေသော်လည်း နှစ်ယောက်သားထိတ်တိုက်ရန်ဖြစ်တာမရှိဘဲ သူတို့အိမ်မှာပင်သောင်းကျန်းနေကြခြင်းဖြစ်၏။

မိအေးနှစ်ခါနာဖြစ်နေသည့်ဒေါ်ခင်မူယာမှာတော့ သမီးနှစ်ယောက် ခိုးရာလိုက်ပြေးသွားတာထက် သူ့ရန်သူတော်၏ သားဖြစ်သူနှင့် ခိုးပြေးသွားသည့်ဒီးဒီးကိုသာ ဒေါသပိုထွက်နေတော့သည်။ ဒီးဒီးပြန်လာရင် လုံးဝလက်မခံဘူးဟု တစ်ရွာလုံးကို သတင်းလွှင့်ထားလေသည်။ အငယ်ဆုံး အချစ်ဆုံးသားလေးမို့ အမျက်လည်းကြီးသွားရခြင်းဖြစ်၏။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed) Where stories live. Discover now