အပိုင်း ၃၁
" အောင်မလေး အိမ်ပေါ်နေရင်း သွေးထွက်သံယိုကိန်းရှိတယ်လို့ဗေဒင်ကဟောထားတာ တကယ်မှန်နေတယ်အရပ်ကတို့ရေ!! ကျုပ်ကို ပြုံးပြုံးလေးနဲ့ဒုက္ခပေးမဲ့သူရှိတယ်တဲ့လက်စသတ်တော့
အိမ်ပေါ်ကဒုက္ခအိုးကြီးနှစ်ယောက်က
ကျုပ်ကိုပြုံးပြုံးကြီးနဲ့ဒုက္ခပေးနေတာ အရပ်ကတို့ရေ! !"တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် အောင်မြင်ကျယ်လောင်လှသော ဒေါ်စိန်မမ၏အသံကြီးကျယ်လောင်စွာထွက်ပေါ်လာလေတော့သည်။ ဖိုးရွှေဒီးမှာတော့ နာနေသည့်မေးစေ့ကိုပွတ်ရင်း လက်အုပ်လေးချီရင်းဖြင့်
" ကန် ကန်တော့ပါအမေရယ် တ တကယ်မမြင်လိုက်လို့ပါ "
*
*
*
*
*
*
*
*" အစ်..အစ်ကို အမေဘယ်လိုနေသေးလဲ ဆရာဝန်ကဘာပြောလိုက်လဲဟင် "
သူ့အမေကိုဆေးခန်းလိုက်ပို့ပေးသည့် အစ်ကိုတစ်ယောက် အိမ်ပြန်ရောက်လာတော့ အနားကပ်ကာတိုးတိုးလေးသတင်းမေးရသည်။ တရားခံက ကိုယ်မဟုတ်လား။
" ဘာမှမဖြစ်ပါဘူးဖိုးရွှေဒီးလေးရဲ့ လောလောဆယ်ရောင်အန်းနေတာလေးကျသွားအောင် ဆေးပေးလိုက်တယ် ပြီးတော့ရေခဲလေးကပ်ခိုင်းတယ် အရမ်းစိတ်ပူစရာမရှိဘူး "
အစ်ကိုက စိတ်ပူစရာမရှိဘူးပြောနေပေမည့် ကိုယ့်မှာကယောက္ခမနှင့်မျက်နှာချင်းမဆိုင်ရဲသေး။ အစထဲကယောက္ခမက ကိုယ့်ကို မကြည်ပါဘူးဆိုမှ အခုသူ့နှာခေါင်းနှင့် ကိုယ့်ခေါင်းကိုမိတ်ဆက်ပေးပြီး သွေးထွက်သံယိုဖြစ်အောင်လုပ်မိထားပြီ
မဟုတ်လား။ ကိုယ်လည်း ဒေါ်စိန်မမလက်ချက်ဖြင့် ဘယ်တော့သာခေါင်းနဲ့ကိုယ်အိုးစားကွဲမည်မသိ။ သတိထားနေမှ တော်ကာကြတော့မည်။ ကိုယ့်မျက်နှာပျက်နေတာကို အစ်ကိုကသတိထားမိပုံရ၏။" မျက်နှာကြီးကအိုစာမနေပါနဲ့ကွာ ခင်ဗျားလေးယောက္ခမကြီးက တကယ်အဆင်ပြေပါတယ် "
" ဘယ်လိုပဲအဆင်ပြေတယ်ပြောပြော ကျွန်တော်ကြောက်တယ်အစ်ကိုရဲ့ ။ တကယ်ပါပဲဗျာ ကျွန်တော်ကလဲကျွန်တော်ပါပဲ
ဘာလုပ်လုပ် အမေနဲ့ကိုမလွတ်ဘူး "
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing)