Part - 32 ( Uni )

13.1K 379 20
                                        

အပိုင်း - ၃၂

ညဆယ်နာရီခွဲနေလေပြီ။ ငချိန်တစ်ယောက်
ကိုယ့်ကို မျှော်နေတော့မယ်မဟုတ်လား။ အခန်းထဲ
ရောက်ရောက်ချင်း အခုချိန်ထိဖွင့်ထားဆဲဖြစ်သည့်
ပြတင်းပေါက်တံခါးကိုမြင်လိုက်ရသည့်အချိန်
ဖျက်ခနဲပေါ်လာသည့်စိတ်ကူးကြောင့်
အားရဝမ်းသာကြီးပြုံးလိုက်မိတော့၏။

ဘယ်လိုပဲဖြစ်ဖြစ် ဒီည ငချိန်တစ်ယောက်
ကိုယ့်အကူအညီနဲ့လင်ရစေရမည်။ နောက်ပြဿနာ
နောက်ရှင်းပေါ့ မဟုတ်ဘူးလား။


*
*
*
*
*
*
*
*

တိတ်ဆိတ်နေသည့်ရွာလမ်းပေါ်၌ လူနှစ်ယောက်
ခတ်သော့သော့လျှောက်သွားနေလေသည်။

" ဝုတ်! ဝုတ်! "

" ဟဲ့ခွေး! သွားစမ်းဝေးဝေးကို "

တစ်ချက်တစ်ချက်ထိုးဟောင်လာသည့်ခွေးတွေကို
လက်ထဲမှာကိုင်ထားသည့်တုတ်တစ်ချောင်းဖြင့်
ခြောက်ရင်းလှန့်ရင်း ခပ်တိုးတိုးမောင်းထုတ်နေရသေး
သည်။  ထို့နောက် သူတို့၏ ဦးတည်ရာဖြစ်သည့်
ရွာမြောက်ပိုင်းရှိ ဒေါ်လေးမြ၏ နေအိမ်ဆီသို့
ခတ်မြန်မြန်ပင်သွားနေလေသည်။ သူတို့၏
ရည်ရွယ်ချက်က ဦးသာမောင်နှင့်ဒေါ်လေးမြတို့၏
ချစ်လှစွာသောသားရတနာလေး ချစ်စမ်းမောင်ကို
ခိုးဖို့ပင်ဖြစ်၏။

ငမောင်တို့အိမ်ရှေ့အရောက် မှောင်ရိပ်ကျနေသည့်
ပန်းခြုံနားမှာအကာအကွယ်ယူရင်း အိမ်ထဲမှာ
ရှိနေမည့်သူကို ဘယ်လိုမျိုးအချက်ပြခေါ်ရမလဲဆိုတာကို
တီးတိုးတိုင်ပင်နေတုန်းမှာပင် ခြံနောက်ဖက်မှနေ၍
ခတ်သွက်သွက်လျှောက်လာသည့် လူရိပ်တစ်ခုကို
မြင်လိုက်ရလေသည်။ အစကတော့ ငမောင့်အဖေကြီး
များဖြစ်နေမလားဆိုကာ နှစ်ယောက်သား ပြေးဖို့
အရှိန်ယူထားမိသေး၏။

သေသေချာချာကြည့်မိကာမှ ခြံပြင်ဘက်လျှောက်
လာနေသောလူရိပ်၏လက်ထဲတွင် အထုတ်တစ်ထုတ်ကို
ဆွဲကိုင်ထားတာမြင်လိုက်ရသည်။

" င ငချိန် အဲဒါ မင်းဟာလေးနေမယ် သွား!
အထုတ်သွားသယ်ပေးလိုက်အုံး "

ဒီးဒီးတစ်ယောက် ငချိန့်ကို ခန္ဓာကိုယ်ချင်းတွန်းတိုက်ကာ အရှေ့တွန်းလွှတ်လိုက်ပေမည့် သကောင့်သားက
နောက်ဖက်ကိုသာကျားကန်.ကန်ထားပြီး ခန္ဓာကိုယ်ကို
တောင့်ထားနေလေသည်။ ကိုယ်ဘယ်လောက်တွန်းတွန်း ဒင်းက နေရာကနေမရွေ့။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed) Where stories live. Discover now