အပိုင်း - ၇
🎶 စာကလေးဖင်ထဲ လောက်စလုံးဝင် ကယ်ကြပါအုံးရှင်××စာကလေးဖင်ထဲ လောက်စလုံးဝင် ကယ်ကြပါအုံးရှင် ××မကယ်နိုင်ဘူး ထဆင့်ထူး ဝလုံးနှစ်လုံးပြူး 🎶
*
*
*
*
*
*
*
*" ဟေ့ကောင်ဒီးဒီး မင်းဟာကဖြစ်ပါ့မလား ခြံရှေ့ကချောင်းနေတာအကြောင်းမဟုတ်ဘူး ။ မင်းယောက္ခမလောင်းမြင်သွားရင် သောက်ပြသနာက အကြီးကြီးနော် "
ဒေါ်စိန်မမ၏အိမ်ရှေ့ကို ရောက်ပါပြီဆိုထဲက ပြန်ပြေးဖို့ခြေလှမ်းပြင်နေသော ငမောင်က ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်နေရင်း ရှေ့ကခြံထဲ ခေါင်းဝင်တော့မတတ်ချောင်းနေသည့် ဒီးဒီကိုသတိပေးလိုက်သည်။ ဒီရက်ပိုင်းထဲ ခေါင်းကိုဆင်နင်းခံရတယ်လို့ အိမ်မက်,မက်ထားတာကြောင့် လူက ကံနိမ့်နေတာကို သူများအကျိုးဆောင်လို့ ထိပ်တုံးနဲ့ညားရတာမျိုးမဖြစ်ချင်။ အမေကလည်း ဒီတစ်ခါ ထိတ်တုံးစာမိရင် အိမ်ပေါ်ကဆင်းတော့ဆိုပြီး ကျိန်းလှပြီ။
" မြင်သွားတော့ရော ဘာဖြစ်လဲကွာ ။ အမေမွေးထဲကပါလာတဲ့ခြေထောက်နှစ်ချောင်းကသန်မာပြီးသား။ ပြေးမှာပေါ့ "
ဒီးဒီးကတော့ ထုံးစံအတိုင်းလေသံမလျှော့။ လင်အားကိုးနဲ့အာကျယ်နေတဲ့ကောင်။
" ပြေးတိုင်းသာလွတ်ရင် ထိတ်တုံးစာမိတယ်ဆိုတာ ရှိလာမှာတောင်မဟုတ်ဘူး ။ ကိုယ့်အကြောင်း ကိုယ်သိ။လင်အားကိုးနဲ့ မိုက်ရုပ်ပြမနေနဲ့ "
" ထိတ်တုံးစာမိလဲ အေးဆေးပဲဟေ့ရောင်၊ ဂရုကိုမစိုက်တာ"
" မင်းက ဂရုစိုက်မလား ရည်းစာကအနားငုတ်တုတ်လာထိုင်စောင့်ပေးနေတော့ ကမ်းခြေမှာအပန်းဖြေထွက်နေသလိုပဲလေ။ ငါတို့မှာသာ နားလဲဒုက္ခပေးခံရ၊ မျက်စိလဲဒုက္ခပေးခံရနဲ့ "
" မနာလိုမဖြစ်နဲ့ငါ့သား ငါ့လိုရည်းစားလေးနဲ့သာယာချင်ရင် ငါ့လိုအကောင်းစားရည်းစားလေးရှာထား ။ အခုမှ ဘာကို နားဒုက္ခခံရတယ်လေး မျက်စိဒုက္ခခံရတယ်လေးနဲ့ လူကြားကောင်းအောင် ပြောနေတာလဲ ။ Telegram ထဲက အိစိကွစိတွေကြည့်ရတာအားမရလို့ သူများအတွဲကို တကူးတကလိုက်ချောင်းတဲ့ကောင်တွေကများ ။ အေးပေါ့လေ လူရယ်လို့ဖြစ်လာတဲ့ဘဝ ရည်းစားလေးမှမရှိတော့လဲ ငါ့ကိုအားကျနေရတာမဆန်းပါဘူး "
![](https://img.wattpad.com/cover/367143943-288-k173293.jpg)
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024