Part - 30

1.3K 136 9
                                    

အပိုင်း - ၃၀




" အောင်မျက်ငြီး မြွေ မြွေကြီးဗျာ !!! "

အောင်မြင်စွာထွက်ပေါ်လာသည့် ငချိန်၏အသံကြီးနှင့်အတူ
မတ်တတ်ရပ်အနေအထားဖြင့်ရှိနေသော ငမောင့်ကိုယ်ပေါ်
လွှားခနဲခုန်တက်လိုက်မိလေတော့၏။ သောက်ကျိုးနည်း
ရည်းစားစကားပြောနေတဲ့အချိန်ကျမှ ဘယ်ကနေဘယ်လိုမျိုး
ဒီမြွေကရောက်လာရတာတုန်း။ ငါ့ကိုလည်း ပွင့်လေပြီးသောဘုရားအဆူဆူထဲကမှ ကြုံတဲ့ဘုရားသာလာကယ်ပေးကြပါတော့ဟာ။

*
*
*
*
*
*
*
*

ငမောင်တစ်ယောက်မှာတော့ ကိုယ့်ကို ငချိန်ပြောလာသည့်စကား၏အဓိပ္ပါယ်ကို သေချာစွာနားလည်နိုင်စွမ်းမရှိသေးတာကြောင့် သေချာခွဲခြမ်းစိတ်ဖြာဖို့ကြိုးစားနေမိသည့်အခိုက်အတန့်မှာပင် လူတစ်ယောက်ကိုပွေ့ချီလိုက်ရပြန်၏။ ခြောက်ပေနီးပါး ထောင်ထောင်မောင်းမောင်းအရပ်ကြီးနှင့်လူကို
ကိုယ့်လို ငါးပေကိုဖျစ်ညှစ်ကျော်ထားရသည့် လူဖလံလေးက
ပွေ့ချီထားရတာကြောင့် ဆင်ခေါင်းခွေးမချီနိုင်သလိုဖြစ်နေရလေသည်။ ကိုယ့်လည်ပင်းကို သူ့လက်နှစ်ဖက်ဖြင့်သိုင်းဖက်ထားခံရပြီး ကိုယ်ခါးတွင် သူ့ခြေထောက်နှစ်ချောင်းအား
ရစ်တွယ်ထားသေး၏။ ကိုယ့်ကိုယ်ပေါ်ကို အရှိန်ဖြင့်ခုန်တက်လာသူအား ကမန်းကတန်းပွေ့ချီထားရသည့်အတွက်
မနိုင်မနင်းဖြစ်နေကာ လူကယိမ်းထိုးနေသေး၏။

" င ငမောင် အဲ အဲဒါမြွေ! ! "

ကြောက်လန့်နေသူက ရှေ့မှာအခွေလိုက်ရှိနေသေးသည့်မြွေကိုလက်ညှိုးထိုးပြရင်း အော်ဟစ်နေသေးသည်။
သူအော်နေတာကအကြောင်းမဟုတ် သူ့ကိုပွေ့ချီထားရသည့်ကိုယ့်မှာ ခြေမခိုင်တော့ပဲ နှစ်ယောက်အတူ မြေကြီးပေါ်လဲကျသွားရလေတော့သည်။

" အောင်မလေး သေပါပြီ!! ငါ့ခါးရိုးလေးကျိုးပါပြီ "

" အောင်မျက်ငေး သေပါပြီအရပ်ကတို့ရေ!!! "

ပြိုင်တူထွက်လာသည့်အသံနှစ်သံသည် ကျယ်လောင်လွန်းနေလေ၏။ ရှုံ့ရှုံ့မဲ့မဲ့ဖြင့် လဲကျရာမှပြန်မထနိုင်သေးခင်မှာပင်

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now