Part - 22 ( Uni)

2.3K 168 8
                                    

အပိုင်း ၂၂

" အစ်ကိုတို့နှစ်ယောက်ကြားမှာ ဒါကအရမ်းအရေးကြီးတာမဟုတ်လို့ အခုဘာမှမတွေးဘဲအိပ်လိုက်နော် ။အစ်ကို့ကလေးကလိမ္မာပါတယ် "

" ဟုတ်ကဲ့အစ်ကို "

သိပ်မကြာခင်ပဲ ဆေးရှိန်နဲ့အိပ်ပျော်သွားသည့်ကလေးကိုရင်ခွင်ထဲတင်းတင်းပွေ့ဖက်ပြီး ကိုဟိန်းပါ အတူအိပ်ပျော်သွားရလေတော့သည်။

*
*
*
*
*
*
*
*

ယောက္ခမကို ကိုယ်နေမကောင်းဖြစ်ချင်နေပါတယ်ဆိုပြီး တစ်ပတ်ရိုက်လိုက်သည့်အကျိုးဆက်အနေဖြင့် ငဒီးတစ်ယောက် အပူတွေအဖျားတွေတက်ကာ တကယ်ပင်နေမကောင်းဖြစ်ရလေတော့သည်။ ဆေးခန်းသွားပြဖို့ပြောကြပေမည့် ကိုယ် မှာမသွားရဲ။ မတော်လို့များ ဘာဖြစ်တာလဲလို့ဆရာဝန်ကမေးလာရင်ဖြင့် ကျွန်တော့်ယောကျ်ားက ဟိုဒင်းဟိုဟာလုပ်လိုက်လို့ ဖျားသွားရတာပါလို့်ပြန်ဖြေရမှာလား။ အောင်မငြီးးး တွေးရင်းနှင့်ပင်ကြက်သီးထသည်။

ပါးစပ်ကဖွင့်မပြောဘူးဆိုရင်တောင် ကိုယ့်လည်ပင်းတစ်ဝိုက်မှ အနီကွက်တွေကလိမ်လိုမရ။ အခုတော့အခန်းပြင်လည်းမထွက်ရဲ။ အခန်းအောင်းပြီး အစ်ကိုတစ်ယောက်နှင့်သာမျက်နှာ ချင်းဆိုင်ရဲသည်။ ခါတိုင်းဆို အစ်ကိုကအောက်မှာနေပေမည့် ဘာမှမဖြစ်သလိုပါပဲ။ ကိုယ့်ကျမှ
ဒီလောက်ဖြစ်သွားရတယ်လို့ လူကြားလို့မကောင်း။

" ဒီးဒီးရေ မလမင်းရောက်နေတာ ဝက်လာလို့ရမလားဟင် "

အခန်းပြင်မှ မလမင်း၏အသံကိုကြားလိုက်ရသည်။ ကိုယ်နေမကောင်းဘူးဆိုတာကိုသိသွားလို့ အမေလွှတ်လိုက်တာနေမည်။ကိုယ့်အစ်မရောက်လာတာမို့ အိပ်နေရာမှထပြီးထိုင်လိုက်ပေမည့် စောင်ကိုတော့ဖြင့် လည်ပင်းပါလုံးအောင်ပတ်ထားလိုက်မိသည်။

" ဝင်ခဲ့လေ ၊ သားအိပ်ရာနိုးနေပြီ "

ကိုယ့်စကားဆုံးတာနှင့် မလမင်းက အခန်းတံခါးဖွင့်ပြီးဝင်လာသည်။ အခန်းထဲ အစ်ကိုလည်းရှိမနေတာကြောင့် ကိုယ့်ဘေးနားမှာသာဝင်ထိုင်ရင်း

" နေမကောင်းဖြစ်နေတာ ဆေးခန်းမသွားဘူးဆို"

" သိပ်မဖြစ်လို့ပါ ဒီတိုင်းနှာမွှန်ချောင်းဆိုးလောက်ပါပဲ "

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed) Where stories live. Discover now