Part - 28 ( Uni )

1.7K 161 17
                                    

အပိုင်း - ၂၈

ကျန်နေခဲ့သည့် ဒေါ်စိန်မမမှာတော့ နှစ်ယောက်သား ဘာဖြစ်လာမှန်းမသိသည့်သားဖြစ်သူနဲ့သမက်မှာ အိမ်ကသားကိုသာကျိန်းလိုက်မိတော့သည်။

" ဟိုကလေးက ထမင်းစားပြန်ဖို့တကူးတကလိုက်ခေါ်တာကို ပရဟိတအကျိုးဆောင်ပြီးနေကျန်ခဲ့တဲ့ကောင် ပြန်လာပလေ့စေအုံး ငါနဲ့တွေ့မယ် "

*
*
*
*
*
*
*
*

" အမေ ဖိုးရွှေဒီးတစ်ယောက်ပြန်ရောက်လား "

အိမ်ပေါ်မတက်ခင် ခြေလက်အရင်ဆေးနေရင်းမှ အမေ့ကိုလှမ်းမေးလိုက်သည်။

" နေပူထဲကပြန်လာပြီး ခြေတွေလက်တွေဆေးနေပြန်ပြီ ။အပူရှပ်ပြီးသေချင်နေတာ ။ နင်ဘဝကူးတာကအကြောင်းမဟုတ်ဘူး သူများသားသမီးက အလကားနေရင်းမုဆိုးဖိုဖြစ်ရအုံးမယ် ။ တကယ်ထဲ မြင်တာနဲ့ပြောချင်စရာကြီးပဲ "

သားဖြစ်သူကို စိတ်မကြည်ဖြစ်နေရသည့်ကြားထဲ မျက်စိရှေ့ မှာမြင်ရသည့်ပုံစံက ပြောစရာဖြစ်နေတာကြောင့် အားရပါးရပင်ပြောချလိုက်မိတော့၏။

" ကျွန်တော် အရိပ်ထဲနားလာလို့ပါအမေရဲ့ ။ ချက်ချင်းကြီးရေဆေးနေတာမဟုတ်ပါဘူး ။ ဖိုးရွှေဒီးပြန်ရောက်တယ်မဟုတ်လား "

" သိချင်ရင်နင့်ဘာသာသွားကြည့်လေ ဘာကိုအခုမှလာပြီးငါ့လာမေးနေရတာတုန်း "

ကိုယ်ကဘာရယ်မဟုတ်မေးလိုက်သည့်စကားကို အမေက အငေါ့အတူးဖြင့်ပြန်ဖြေလာတာကြောင့် နားမလည်နိုင်ဖြစ်သွားရလေသည်။ ကိုယ့်ကိုမြင်တာနှင့် ဒေါသထွက်နေပုံရတာကြောင့် ဆက်ပြီးလည်းမမေးရဲတော့ပေ။ ခြေလက်ဆေးပြီးတာနှင့် အိမ်ပေါ်တက်သွားရင်း

" အမေကလဲ ကျွန်တော်ဒီတိုင်းမေးမိတာကို လာလို့စိတ် ဆိုးနေရတာလဲ "

" ဒီမှာခဏလာထိုင်ပါအုံး အများအကျိုးဆောင် ကိုယ်အကျိုးပြောင်မဲ့ ဘုရားဖြစ်မဲ့အုတ်နီခဲကြီးရယ် "

အမေသည် ကိုယ့်ကို သူ့ရှေ့မှာရှိနေသည့်ထိုင်ခုံမှာထိုင်ဖို့မျက်စပစ်ပြလာတာကြောင့် ဝင်ထိုင်လိုက်ရသည်။

" ဟိုကောင်လေးက နင့်ကိုထမင်းစားဖို့လာခေါ်တာကို ဘယ်နှယ့်ကြောင့် တစ်ခါထဲလိုက်မလာတာတုန်း "

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now