Part - 19 ( Uni )

1.8K 152 9
                                    

အပိုင်း - ၁၉

" ဝုန်း! !!"

" အောင်မလေး အသစ်စက်စက်ညားကာစအချစ်ငှက်တွေကတော့ ငါ့မိဘအမွေပေးထားတဲ့အိမ်လေးကိုဖျက်နေပါပြီတော့ !!! "

အခန်းထဲမှခုံလဲကျသံနှင့်အတူ အခန်းအပြင်မှဒေါ်စိန်မမ၏ အသံပါ တစ်ပြိုင်တည်းထွက်လာလေတော့သည်။

*
*
*
*
*
*
*
*


" ဒုန်း! ဒုန်း! ဒုန်း! "

မနက်အစောကြီးပင်ရှိသေးသည့်အချိန် အခန်းအပြင်မှတံခါးထုသံကြောင့် နှစ်ယောက်စလုံး အိပ်ရာမှနိုးသွားရလေတော့သည်။ ညားကာစအိမ်ထောင်သည်တွေရဲ့ထုံးစံအတိုင်း ညဦးပိုင်းမှအချစ်နလံထနေရတာနဲ့ တကယ်တမ်းအိပ်ဖြစ်တော့ သန်းခေါင်ယံပင်ကျော်နေလေပြီ။ အိပ်တာနောက်ကျရတဲ့အထဲ
မနက်အစောကြီး တံခါးလာထုခံရတော့ လူကနိုးသွားရင်တောင်မျက်လုံးတွေကဖွင့်မရ။

ဒီးဒီးကိုယ်တိုင်လည်း နွေးထွေးလွန်းသည့်ရင်ခွင်တစ်ခုထဲဝင် ကာ ပုစွန်တုပ်ကွေး,ကွေးနေရတာကို သဘောကျမိနေသဖြင့်
နောက်ထပ်တစ်နာရီလောက်တော့ ဇိမ်ခံချင်နေမိသေးသည်။
ကိုယ့်ကိုထွေးပွေ့ပေးထားသည့် အစ်ကိုကိုယ်တိုင်လည်း တုတ်တုတ်မျှမလှုပ်သေး။

" ဒုန်း! ဒုန်း! ဒုန်း! "

" ဟဲ့ အခန်းထဲကမောင်မင်းကြီးသားများရှင် နေလုံးကထွက်တော်မူပြီး ရှင့်တို့်ေ ယခါင်းပေါ်တည့်တည့်ရောက်တော့မှာမို့
ထတော်မူဖို့ စဉ်းစားတော်မူကြပါတော့ရှင့် "

" ဒုန်း! ဒုန်း! ဒုန်း! "

အခန်းတံခါးကို အဆက်မပြတ်ထုနေသံနှင့်အတူ ယောက္ခမဖြစ်သူ၏အသံကိုပါ ပူးတွဲကြားလိုက်ရတာကြောင့် ဒီးဒီးရဲ့မျက် လုံးများသည်လည်း ဖျက်ခနဲပွင့်လာရတော့သည်။ အစ်ကိုကတော့ ကိုယ့်ကိုဖက်ထားရင်းနှင့်ပင် အပျင်းဆန့်နေလေသေးသည်။

" အစ်ကို ထရအောင် အမေလာနှိုးနေပြီ "

" အာ အစောကြီးရှိသေးတာကိုကွာ "

အစ်ကိုပြောမှ နံရံမှာရှိနေသည့်တိုင်ကပ်နာရီကိုလှမ်းကြည့်မိ၏။
မနက်ခြောက်နာရီပင်မရှိသေးချေ။ တိတိကျကျပြောရမယ်ဆို
မနက်ငါးနာရီလေးဆယ့်ငါးမိနစ်။ အိမ်မှာဆို ကိုယ်မနက်ပိုင်း
အိပ်ရာထချိန်က အစောဆုံးတောင်မနက်ရှစ်နာရီရှိသည်။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now