အပိုင်း - ၁၃
" ဝင်မပါ,ပါဘူးနော်။ ဒါပေမဲ့ပြောရအုံးမယ် တစ်ခုခုပြဿနာဖြစ်လို့ အိမ်ပေါ်ကနေခေါင်းနဲ့ဆင်းရလဲ ဘာအကြောင်းလဲ။ ခေါ်ထားမဲ့ရည်းစားလေးကအဆင်သင့်လေ။ ဥစ္စာပေါရုပ်ချောအမျိုးကောင်းသားရည်းစားလေးရထားတော့ ဒီးဒီးတို့က ဘယ် နေရာရောက်ရောက် လက်မထောင်နိုင်တယ် "
" ပြီးရင်တော့ ယောက္ခမဒေါ်စိန်မမနဲ့ ရှင်းကြပေါ့ "
" အား မကြားချင်ဘူး ဒီလိုမူးစရာမော်စရာနာမည်တွေမကြားချင်ဘူး အိုက်! !! ခေါင်းတွေထဲက မူးတောင်လာပြီနော် "
အိမ်ကအမေ့နာမည်ကြားလိုက်တာနှင့် ချက်ချင်းပင် အမူအရာပြောင်းသွားသော ချစ်စရာကောင်လေးကို တစ်ကိုယ်လုံးသိမ်းကြုံးပွေ့ဖက်ကာ အနမ်းကြမ်းကြမ်းတို့ပေးလိုက်မိတော့၏။ ဒီကလေးက ကိုယ့်အတွက်တကယ့်ချစ်မွှေးလေး။
ဘယ်အချိန် ဘယ်နေရာရောက်ရောက် ကိုယ့်အတွက်မရှိမဖြစ်လေးပေါ့။
*
*
*
*
*
*
*
*
ရွာဦးကျောင်း၏ သိမ်ရေစက်ချပွဲသည် အတော်ပင်စည်ကားလှလေသည်။ အချိန်နှစ်လယူပြီး ပြင်ဆင်ခဲ့သည်မို့ ရွာဓလေ့ပျော်ပွဲရွှင်ပွဲများလည်းပါ၏။ ရွာထဲရှိကာလသား၊ကာလသမီးများလည်း ဖျော်ဖြေကြမှာမို့ မဏ္ဍပ်ပင်ထိုးထားရသည်။ ထိုသို့ဖျော်ဖြေမည့်အဖွဲ့ထဲတွင် ဖိုးရွှေဒီးလည်းပါပြီး အလွန်ပင်တက်ကြွနေလေ၏။
" အစ်ကို မဟေမာန်တို့သားမိတွေက အလှူလာအုံးမှာဆို ဟုတ်လား "
သိမ်အလှူသည် အများကောင်းမှုဖြစ်သော်လည်း ငွေကြေးအမာခံမတည်သည့်မိသားစုများထဲတွင် ဟေမာန်တိုမိသားစုလည်းပါသဖြင့် ရေစက်ချပွဲကိုလာမှာဖြစ်သည်။
" ဒီညနေရောက်မယ်ပြောတယ် အမေက ကိုယ့်ကိုသွားကြိုခိုင်းပေမဲ့ ဒီဘက်မှာမအားလို့ သွားမကြိုနိုင်ဘူး ။ ကားနဲ့ဆိုတော့ မိုးမချုပ်ခင်ရောက်လာမယ်ထင်တယ် "
" ကျွန်တော်လဲမအားလို့ပါ နို့မို့ဆိုသွားကြိုပေးတယ် "
" ကျေဇူးတင်ပေမဲ့ သွားတော့မကြိုပါနဲ့ဗျာ ။အိမ်ကအမေဆီကနေ နားပူရမဲ့စကားလုံးတွေမကြားနိုင်လို့ပါ ။ ဒါနဲ့ ဖိုးရွှေဒီးလေးကမအားရအောင် ဘာတွေအလုပ်များနေလဲ။ ဒီရက်ပိုင်းထဲငမောင်နဲ့ငချိန်လဲပျောက်နေသလားလို့။ ရွာထဲတောင်ရှိရဲ့လား
ခရီးများသွားနေကြလား ။ အရင်ကဆို ရွာထဲမှာဘာပွဲပဲရှိရှိ ခင်ဗျားလေးတို့အဖွဲ့က အရမ်းတက်ကြွတာလေ။ အခုတော့ ပျောက်ချက်သားကောင်းနေတယ် "
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024
