အပိုင်း - ၂၅
" လယ်သမားကြီး ဦးမောင်မောင် ဆီဈေးတက်လို့နှဖူးပြောင် ကိုမင်းအောင်အလုပ်သမား စစ်မှုမထမ်းချင်လို့ ပြည်ပသွား "
ဦဘစီကကျောင်းဆရာ ကျောင်းပိုက်ဆံတွေဗုန်းနေတာ မောင်ဦးသာတပ်မတော်သား ရှေ့တန်းထွက် လို့မာလကီးယား
စာဖြန့်ဖြူးရေး မောင်သာဥာဏ် စာမပို့ရလို့ သူထိုင်မှိုင် ကိုအေးဟန်မီးသတ်သမား မီးသတ်ဆေးဘူးသူရောင်းစား
ရဲသားကြီးကကိုအေးငွေ ဖဲဒိုင်တွေမှာလိုင်းကြေးကောက်နေ
တို့လုံမေ,မအေးလှ ဘော်လီမဝတ်ရင် ဖမ်းတယ်ဟဦးဘစီကဆရာဝန် လူနာတွေ့ရင်အော်ငေါက်ချင်
မသိန်းရှင်သူနာပြု လူနာဂွေးဥတူနှင့်ထုဦးကြည်လှကခေါင်းဆောင်ကာ ရွာတွေထဲမှာ ကင်းဖိုးကောက်တာ
ကားဆရာဦးကျော်သောင်း YBS ကို လေယာဉ်လိုမောင်းကျောင်းသူကျောင်းသားတို့တတွေ အရွယ်ရောက်လို့ကျောင်းသွားသော် စာသင်ခန်းထဲဖုန်းယူသွား TikTok ရိုက်ပြီး လင်ရှာစို့လား "
တူဖြစ်သူ၏ ပေါက်ကရလေးဆယ်ပေါက်ပန်းဈေးတွေဆိုနေတာကို ထိုင်ကြည့်နေရတဲ့ငချိန့်မှာတော့ ငဒီးကောင်ကိုသာ
စိတ်ထဲမှ အားရပါးရကျိန်ဆဲနေမိလေတော့၏ ။ ဒင်းကို
ယုံကြည်မိတဲ့ကိုယ်ပဲအမှား။*
*
*
*
*
*
*
*ညအိပ်နေရင်းနှင့် လူးလှမ်းနေသည့်ဖိုးရွှေဒီးကြောင့် ကိုဟိန်းပါအိပ်မပျော်ဖြစ်နေရလေတော့သည်။ ကိုယ့်ကိုကျောခိုင်းကာအိပ်နေသော ဘေးနားမှ ကလေးကတော့ ဘာတွေကိုအလိုမကျဖြစ်နေသည်မသိ။ သက်ပြင်းတွေပင်လှိမ့်ကာချနေသေး၏။
" အိပ်မပျော်ဘူးလားဖိုးရွှေဒီး ။ ဘာတွေ,အတွေများနေလဲ။
အဆင်မပြေတာရှိရင်လဲ အစ်ကို့ကိုပြောပြလေ "လှုပ်လှုပ်ရွရွနဲ့ဖြစ်နေသူက ကိုယ့်ကိုနောက်ပြန်လှည့်ကြည့်လာလေ၏။
" အိမ်ရာနိုးသွားတာလား ကျွန်တော့်ကြောင့်နေမယ် ငြိမ်ငြိမ်မနေဘဲလှုပ်နေတော့ "
" ဖိုးရွှေဒီးကြောင့်မဟုတ်ပါဘူး ဒီတိုင်းပဲ အစ်ကိုလဲအိပ်မပျော်သေးတာ "
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024