Part - 15 ( Uni )

2.3K 159 11
                                    

အပိုင်း - ၁၅


" အစ်ကိုနဲ့ကျွန်တော်က အခုချိန်ခိုးမပြေးလဲ နောက်ကျခိုးပြေးရမှာပဲ။ အိမ်ကအမေတွေက တစ်သက်လုံးသဘောတူမှာမဟုတ်ဘူး၊ အဲတေ ာ့ကျွန်တော်တို့က သားသမီးဝတ္တရားရှိသည်နှင့်အညီ ခိုးပြေးကြရအောင်။ မိဘတွေကဘက်ကတော့ မိဘဝတ္တရားနဲ့အညီ လိုက်ရှာလိမ့်မယ်။ နော်လို့အစ်ကို တစ်ခါခိုးပြေးယုံနဲ့ တစ်သက်လုံးအပိုင်ရမဲ့အခွင့်အရေးကို လက်လွှတ်ခံချင်နေတာလား "


ကိုဟိန်းတစ်ယောက် အချိန်အတော်ကြာငြိမ်နေပြီး နောက် ဆုံးတော့ ဖိုးရွှေဒီးဆီ လက်ကမ်းပေးလိုက်တော့၏။ ဆုပ်ကိုက်လိုက်သည့် လက်ဖဝါးနှစ်ဖက်သည် အေးသည် နွေးသည်
နောက်ပြီး ချစ်ခြင်း၏ရနံ့များ လွှမ်းခြုံနေလေသည်။

*
*
*
*
*
*
*
*

" ဒီမှာအေးအေးဆေးဆေးနေလို့ရတယ် အစ်ကို "

နှစ်ထပ်ပျဉ်ထောင်အိမ်လေးသည် အနည်းငယ်ကျဉ်းသလိုရှိသော်လည်း မိသားစုနည်းသူအတွက် နေလို့အဆင်ပြေသည့်အနေအထားဖြစ်သည်။
အိမ်ကထွက်လာစဉ်က ဆိုင်ကယ်နဲ့ထွက်လာတာမို့ နှစ်ယောက်အတူ ရွာမှထွက်လာတော့အဆင် ပြေသွားရသည်။ အဆင်မပြေတာက ဖိုးရွှေဒီးခမျာ
သူငယ်တော်ဝတ်စုံမလဲရသေးတာဖြစ်သည်။ သူငယ်တော်ဝတ်စုံနဲ့ခိုးရာလိုက်တဲ့သူက သူတစ်ယောက်ပဲရှိမှာသေချာသည်။

အခုရောက်နေသည့်နေရာမှာ နှစ်ရွာကျော်မှာရှိသည့် ဖိုးရွှေဒီး၏ သူငယ်ချင်းအိမ်ဖြစ်သည်။ပြန်တွေးကြည့်ရင် သူတစ်ယောက်ထဲလာမှာကိုစိတ်မချလို့ ကိုယ်ပါလိုက်လာတာနှင့်ပင် တူနေသည်။ တစ်ရွာထဲမှာ အိမ်နှစ်လုံးပိုင်သည့် ဖိုးရွှေဒီးသူငယ်ချင်းသည် ကိုယ်တွေအတွက် သူတို့မနေသည့်အိမ်မှာ လာနေခိုင်းခြင်းဖြစ်သည်။

" အေးအေးဆေးဆေးနေဖို့အသာထားလို့ အခုခင်ဗျားလေးအဝတ်အစားတွေကို ဘယ်လိုလဲမယ်တွေးထားလဲ "

အစီအစဉ်မရှိဘဲ မိနစ်ပိုင်းနှင့်ဆုံးဖြတ်ပြီးထွက်လာသည့် အခြေအနေမို့ အဝတ်အစားပါလာဖို့အသာထားလို့ မှတ်ပုံတင်ပင်ပါမလာပေ။ ဖုန်းတွေလည်းဖွင့်မထားရဲတော့ စက်ပိတ်ထားရ၏။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed) Where stories live. Discover now