Part - 20 ( Uni )

7.2K 315 5
                                        

အပိုင်း -၂၀

အမေ့ရှေ့မှာနေရင်း ကိုရိုးကားယားဖြင့်ဟန်ရေးပြနေတုန်းရှိသေး အမေ့ဆီမှ အော်သံကျယ်ကြီးထွက်လာလေတော့၏။

" အောင်မလေးဟဲ့ တစ်ယောက်ထဲပါတဲ့သားက လင်ထိပ် ထားစံတင်မကဘူး ဒင်မပြည့်ကျပ်မပြည့်ပါဖြစ်နေတာပါလားဟဲ့"

*
*
*
*
*
*
*
*

ဘယ်သူမှနှိုးစရာမလိုဘဲ မျက်လုံးနှစ်လုံးအော်တိုပွင့်ပြီး အိပ်ရာနိုးသွားရသည့်အချိန် နာရီကြည့်လိုက်တော့မနက်လေးနာရီအထိ။ အစ်ကိုနဲ့အိမ်ထောင်ကျပြီး လေးလလောက်အကြာတွင် လူပျိုဘဝမှအကျင့်တော်တော်များများ ပျောက်သွားရလေပြီ။

အထူးသဖြင့် အမေ့အိမ်မှာနေသည့်အချိန် မနက်တိုင်း ကိုယ့်ရဲ့ကိုယ်စောင့်နတ်ခမျာ နတ်သဘင်အစည်းအဝေးမမှီသည့်ငပျင်းနတ်သားဘဝမှ ယောက္ခမအိမ်ရောက်သည့်အချိန်မှစတင်ကာ အစည်းအဝေးသို့ အစောဆုံးရောက်သည့်နတ်သားပင်ဖြစ်နေလေပြီ။ အရင်က မနက်ရှစ်နာရီ၊ ကိုးနာရီမှအိပ်ရာထသော်လည်း အခုဆို မနက်လေးနာရီဆိုတာနှင့် မျက်လုံးကဒီအိမ်မှာမွေးထားသည့်ကြက်ဖကြီးထက်ပင် ကိုယ်က အိပ်ရာထချိန် အချိန်မှန်နေသေး၏။

အိပ်ရာမှမနိုးခံနိုင်ရော့လား ။ယောက္ခဖြစ်သူက မနက်သုံးနာရီလောက်ခွဲလောက်ထဲကစပြီး တတချွတ်ချွတ်ဖြင့် ဘာတွေထလုပ်နေမှန်းမသိ။ အိမ်ရှေနဲ့အိမ်နောက်ဖေးကို ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်သံတွေ၊ တံမြက်လှဲသံ၊ အိုးခွက်တချို့ကိုတိုက်ချွတ်သံ၊ နောက်ဆုံး ဘုရားဝတ်တက်သံကိုပါကြားရသည့်အခါ အရင်လို အခပွင့်နေလေပြီ။န်းတံခါးလာခေါက်ပြီးမနှိုးသော်ငြား ကိုယ်တွေသည် အိပ်ရာနိုးသွားရလေပြီဖြစ်သည်။

မနက်လေးနာရီအိပ်ရာနိုးတာနှင့် အခုချိန်ကမိုးရာသီရောက်နေပြီမို့ မိုးစပါးစိုက်ချိန်ဖြစ်သည့်အလျောက် အစ်ကိုလည်းအစာပြေစားပြီးလယ်ထဲဆင်းဖို့ပြင်ရသည်။ ကိုယ်ကလည်း ယောက္ခမ တာဝန်ပေးထားသည့်အတိုင်း မနက်တိုင်းမြို့ဈေးသို့သွားက အိမ်သားတွေစားဖို့သောက်ဖို့အပြင် အလုပ်သမားတွေအတွက် ကျွေးဖို့ဟင်းစားကအစဝယ်ရ၏။ ကိုယ်ဈေးကပြန်ရောက်သည့်အချိန်ဆို အစ်ကိုသည် လယ်ထဲရောက်နေပြီ။ ကိုယ်လည်း ယောက္ခမနဲ့ချက်ပြုတ်ရာမှာဝင်ကူရပြန်၏။ ဒီလိုနဲ့ နေ့လည်စာစားချိန်ရောက်သည့်အခါ အစ်ကိုကပြန်လာပြီးထမင်းအတူစားမယ်မပြင်လိုက်နဲ့ အလုပ်က တစ်ခုမဟုတ်တစ်ခုပေါ်လာလေသည်။

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed) Where stories live. Discover now