အပိုင်း - ၂၅
" လယ်သမားကြီး ဦးမောင်မောင် ဆီဈေးတက်လို့နှဖူးပြောင် ကိုမင်းအောင်အလုပ်သမား စစ်မှုမထမ်းချင်လို့ ပြည်ပသွား "
ဦဘစီကကျောင်းဆရာ ကျောင်းပိုက်ဆံတွေဗုန်းနေတာ မောင်ဦးသာတပ်မတော်သား ရှေ့တန်းထွက်လို့မာလကီးယား
စာဖြန့်ဖြူးရေး မောင်သာဉာဏ် စာမပို့ရလို့ သူထိုင်မှိုင် ကိုအေးဟန်မီးသတ်သမား မီးသတ်ဆေးဘူးသူရောင်းစား
ရဲသားကြီးကကိုအေးငွေ ဖဲဒိုင်တွေမှာလိုင်းကြေးကောက်နေ တို့လုံမေ,မအေးလှ ဘော်လီမဝတ်ရင် ဖမ်းတယ်ဟ
ဦးဘစီကဆရာဝန် လူနာတွေ့ရင်အော်ငေါက်ချင်
မသိန်းရှင်သူနာပြု လူနာဂွေးဥတူနှင့်ထုဦးကြည်လှကခေါင်းဆောင်ကာ ရွာတွေထဲမှာ ကင်းဖိုးကောက်တာ ကားဆရာဦးကျော်သောင်း YBS ကို လေယာဉ်လိုမောင်း
ကျောင်းသူကျောင်းသားတို့တတွေ အရွယ်ရောက်လို့ကျောင်းသွားသော် စာသင်ခန်းထဲဖုန်းယူသွား TikTok ရိုက်ပြီး လင်ရှာစို့လား "
တူဖြစ်သူ၏ ပေါက်ကရလေးဆယ်ပေါက်ပန်းဈေးတွေဆိုနေတာကို ထိုင်ကြည့်နေရတဲ့ငချိန့်မှာတော့ ငဒီးကောင်ကိုသာ စိတ်ထဲမှ အားရပါးရကျိန်ဆဲနေမိလေတော့၏ ။ ဒင်းကိုယုံကြည်မိတဲ့ကိုယ်ပဲအမှား။
*
*
*
*
*
*
*
*ညအိပ်နေရင်းနှင့် လူးလှမ်းနေသည့်ဖိုးရွှေဒီးကြောင့် ကိုဟိန်းပါအိပ်မပျော်ဖြစ်နေရလေတော့ သည်။ ကိုယ့်ကိုကျောခိုင်းကာအိပ်နေသော ဘေးနားမှ ကလေးကတော့ ဘာတွေကိုအလိုမကျဖြစ်နေသည်မသိ။ သက်ပြင်းတွေပင်လှိမ့်ကာချနေသေး၏။
" အိပ်မပျော်ဘူးလားဖိုးရွှေဒီး ။ ဘာတွေ,အတွေများနေလဲ။ အဆင်မပြေတာရှိရင်လဲ အစ်ကို့ကိုပြောပြလေ "
လှုပ်လှုပ်ရွရွနဲ့ဖြစ်နေသူက ကိုယ့်ကိုနောက်ပြန်လှည့်ကြည့်လာလေ၏။
" အိမ်ရာနိုးသွားတာလား ကျွန်တော့်ကြောင့်နေမယ် ငြိမ်ငြိမ်မနေဘဲလှုပ်နေတော့ "
" ဖိုးရွှေဒီးကြောင့်မဟုတ်ပါဘူး ဒီတိုင်းပဲ အစ်ကိုလဲအိပ်မပျော်သေးတာ "
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024