အပိုင်း - ၁၈
" ကိုယ့် ဖိုးရွှေဒီးကို အရမ်းချစ်တာ "
" ကျွန်တော်ရောပဲ ကျွန်တော်လဲ အစ်ကို့ကိုပြောမပြတတ်အောင်ချစ်တယ် ။ ဒီဘဝကနေစပြီး မမြင်နိုင်တဲ့နောင်ဘဝအဆက်ဆက်အထိ အစ်ကိုနဲ့ပဲနေချင်တယ် "
" သေချာပေါက် အစ်ကိုနဲ့ပဲနေရမှာပေါ့ "
*
*
*
*
*
*
*
*" နင်ခေါင်းမာနေရင် နင့်သားပဲဒုက္ခရောက်လိမ့်မယ် " ဆိုသည့် ဘကြီးမောင်တို့လင်မယား၏နားချမှုကြောင့် ဖိုးရွှေဒီးတို့ဘက်က ပြန်အပ်ဖို့လက်ခံပေးခဲ့သည်။ ဘယ်လိုကြောင့်ပဲလက်ခံသည်ဖြစ်စေ ဖိုးရွှေဒီးကို မိသားဖသားပီပီပြန်အပ်နိုင်သည့် အတွက် တော်တော်လေးစိတ်ချမ်းသာရ၏။ တောင်းရမ်းလက်ထပ်ယူတာမျိုးမဟုတ်သည့် အတွက် တင်းတောင်းတယ် လို့ပြောမရသော် လည်း ကိုယ်ပိုင်ဆိုင်သည့်လယ်တွေယာတွေကို တစ်ဝက်တိတိခွဲကာ ဖိုးရွှေဒီးနာမည်နှင့်ထားပေးခဲ့သည်။ အစက အကုန်လွှဲပေးဖို့စီစဉ်ပေမည့် ဖိုးရွှေဒီးကိုယ်တိုင်တားသဖြင့် လက်လျှော့ကာတစ်ဝက်ခွဲပေးခဲ့ခြင်းဖြစ်၏။
ရွာဦးကျောင်းဆရာတော်ကိုဆွမ်းကပ်ပြီး တရားဝင်အိမ်ထောင်သည်ဘဝကိုစတင်ခွင့်ရခဲ့၏။ ဖိုးရွှေဒီးကတော့ အစကစီစဉ် ထားသလိုပင် ကိုယ့်အိမ်မှာသာလိုက်နေခဲ့၏။
နံနက်ခင်းနေရောင်ပင်ထွက်မလာသေးခင် နှစ်ယောက်အတူအိမ်ရာနိုးလာလေသည်။ ညကကြုံခဲ့သည့် တရားဝင်မင်္ဂဦးညကိုဖြစ်ကျော်ခဲ့ပုံကိုပြန်တွေးမိတော့ ကိုဟိန်းတစ်ယောက်မပြုံးဘဲမနေနိုင်ပြန်။ ကိုယ်က သူ့ကို ဘယ်လောက်ပင်ငဲ့ညှာနေသေးသည်ဖြစ်စေ ဒီကလေးကတော့ငိုမြဲငိုဆဲ။ ချစ်ဖို့ကောင်းတာထက်ပိုစွာ ယုယုယယလေးထွေးပွေ့နေပေးဖို့သာကောင်းတော့သည်။
အခုလည်း ကိုယ့်ခါးတွေကိုသိုင်းဖက်ထားပြီး ကိုယ့်ရင်ခွင်ထဲခေါင်းတိုးဝင်ငြိမ်နေလေသည်။ မသိရင် သူအရမ်းပင်ပန်းထားရသလိုပုံစံမျိုး။ ပါးပြင်လေးကို တစ်ချက်ပြီးတစ်ချက်ငုံ့ကာနမ်းနေမိရင်း
" အရမ်းပင်ပန်းနေလားကလေး ။ ညကတော်တော်မောသွားလို့လား "
" ဟာဗျာ အစ်ကိုကလဲ "
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024