အပိုင်း ၂၃
တွေ့ပါပြီ သားတော်မောင်ကို။ သူတို့အခန်းရှေ့မှ အခန်းနံရံကိုမှီပြီးထိုင်နေလေသည်။ လူကထိုင်နေပေမည့် အခန်းထဲနားစွံ့နေပုံရ၏။ ဒီပုံစံကိုမြင်ပြီးနောက် ဒေါ်စိန်မမတစ်ယောက် ကိုယ့်ရင်ဘက်ကိုယ်ဖိကာ ရှိသမျှဘုရားအဆူဆူကိုသာ တလိုက်မိတော့သည်။
" အောင်မလေးလေးးး ဒီယောကျ်ားဂုဏောအနန္တောကောင် ကိုမွေးမိတဲ့ငါ့ကိုသာ အားတဲ့ဘုရားဆင်ကယ်တော်မူကြပါ"
*
*
*
*
*
*
*
*" ဒီးဒီးလင်းရောင်ခြည် "
" ဗျာ အမေ "
အိမ်နောက်ဖေးမှအော်ခေါ်လာသည့်ယောက္ခမ၏ အသံကြောင့် အခန်းထဲအောင်းကာ ဖုန်းသုံးနေရာမှ ချက်ချင်းအသံပြန်ပေးလိုက်၏။ ရှေ့ရက်က ကိုယ်နေမကောင်းတာကြောင့် ယောက္ခမရဲ့ ဟိုခိုင်းဒီခိုင်းဘဝမှလွတ်နေသလို အစ်ကိုနားမှာလည်း
အချိန်ပြည့်ကပ်နေခွင့်ရ၏။ ဒီရက်ပိုင်းတော့
နေလည်းပြန်ကောင်းသွားသဖြင့် အစ်ကိုလည်း လယ်ထဲပြန်ဆင်းနေပြီဖြစ်သည်။ အိမ်မှာ အစ်ကိုမရှိတော့ ကိုယ်လည်း ပျင်းပျင်းနဲ့အခန်းအောင်းပြီး ဖုန်းကိုပဲ အချိန်ပြည့်ကြည့်နေမိတာဖြစ်သည်။" ဗျာကိုနောက်ထား နေ့လည်ကြရင် ငါ့နေပြန်တိုးတွေတစ်ချက်လောက်သွားသိမ်းပေးအုံး ။ ဒီနေ့ငါမအားလို့ "
" ဟုတ်ကဲ့အမေ သွားလိုက်မယ် "
" ဆယ့်တစ်နာရီလောက်မှသွား အဲလောက်သွားရင်အတော်ပဲ "
ယောက္ခမစကားကြောင့် နာရီကိုလှမ်းကြည့်ရင်း အချိန်တွက်ကြည့်လိုက်သည်။ အိမ်ကနေဆယ့်တစ်နာရီလောက်ထွက်မယ်ဆို နေ့ပြန်တိုးသိမ်းရမည့်သူတွေဆီ ဆယ့်တစ်ခွဲလောက်မှရောက် မယ်။ ဟိုရောက်ရင်ပိုက်ဆံလိုက်သိမ်း သူတို့ပြောသမျှနားထောင်ပေးရတာနှင့် ဆယ့်နှစ်နာရီလောက်မှလူစုံမယ် ။ ကံဆိုးရင် ဒီထက်အချိန်ပိုကြာနိုင်သည်။ အဲဘက်ကနေ အိမ်ပြန်လာမည်ဆို အနည်းဆုံးဆယ့်နှစ်နာရီခွဲ တစ်ချက်တီး။
အဲအချိန်မှအိမ်ပြန်ရောက်မယ်ဆိုရင် ဆယ့်နှစ် နာရီကို လယ်ထဲကနေပြန်လာပြီး ထမင်းစားမည့်အစ်ကိုက စားပြီးသောက်ပြီးလို့ လက်ပင်ခြောက် သယောင်းနေလောက်ပြီ။ ကိုယ်နဲ့အစ်ကို ထမင်းအတူမစားရအောင်ကြံစည်နေသည့် ယောက္ခအကြံကို အရင်ကဆိုငြိမ်ခံနေတတ်ပေမည့် အခုတော့ ငဒီးတို့စာတတ်ပေတတ်ဖြစ်သွားပြီ။
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024