အပိုင်း - ၂၇
" ဖိုးရွှေဒီး ခင်ဗျားလေးကတကယ်မလွယ်ကြောပဲ "
အခန်းထဲမှ ရယ်သံတို့တိတ်ဆိတ်သွားရလေတော့သည်။ လေထုသည်အေးဆဲ။လရောင်သည်နွေးဆဲ။အချစ်ညရင်ခုန်သံသည်လည်း သာယာကြည်နူးဖွယ်ကောင်းဆဲ။
*
*
*
*
*
*
*
*" ဟဲ့ ဟိုကလေး "
" ဗျာ အမေ "
" ဗျာကိုနောက်ထား ငါပြောတာကိုသေချာနားထောင်။ ဒီနေ့ အိမ်ကနေလစ်ထွက်ဖို့တွေးမနေနဲ့ ခဏနေရင် ဟိုဘက်ရွာကအလှူကိုသွားစရာရှိတယ်။ နင့်အဖေမအားလို့ ငါ့ကိုလိုက်ပို့ပေးအုံး ပြန်လာရင် ဈေးထဲတစ်ခါထဲလှည့်ဝင်မယ်။ အလှူကလဲ ရင်းနှီးနေတဲ့သူတွေဆိုတော့ မသွားရင်အားနာစရာကောင်းတယ်။ ခဏတဖြုတ်တော့ မျက်နှာသွားပြရမှာပဲ "
" ဟုတ်ကဲ့အမေ "
ယောက္ခဆီမှကြားလိုက်ရသည့်စကားကြောင့် စိတ်ညစ်သွားပေမည့် မျက်နှာတော့မပျက်ရဲ။အလိုက်သင့်ပင် ဟုတ်ကဲ့ဆိုလိုက်ရ၏။
" အခုအားနေတယ်မဟုတ်လား နောက်ဖေးမှာရေမရှိတော့ဘူး ရေလေးတင်ပေးအုံး။ ပြီးရင် ခြံနောက်က ခြုံထနေတဲ့နေရာတွေကို ဓားလေးနဲ့ဟိုရမ်းဒီရမ်းလုပ်လိုက်စမ်းပါဟယ် ခြင်တွေအရမ်းကိုက်တာပဲ "
" ဟုတ် ဟုတ် "
ဒီးဒီးလည်း ယောက္ခမခိုင်းသည့်အတိုင်းပင် ရေကိုအရင်တင်ပေးပြီးမှ ခြံထဲရှိမြက်တွေရှင်းရန် ဓားတစ်ချောင်းယူပြီးထွက်လာခဲ့လိုက်၏၊ မရှင်းတာကြာနေသည့်မြက်ရိုင်းပင်တို့က တောထမတတ်ပင်ထူနေလေသည်။ မြက်ပင်တွေခုတ်လိုက် ထိုမြက်တောထဲကနေထွက်လာသည့် ခြင်တွေဝိုင်းကိုက်လို့်ကုတ်လိုက်၊ နောက်ထပ်ပြန်ပြီး ခုတ်လိုက်၊နောက်ပြီးကုတ်လိုက်ဖြင့် တော်တော်ပင်အလုပ်ရှုပ်နေလေသည်။ များလိုက်သည့်မြက်တွေကလည်း တော်တော်နှင့်ပင်ခုတ်မကုန်နိုင်။ခြေတွေလက်တွေမှာ ခြင်ကိုက်ဖုတွေများလာလေလေ ဒေါသကထွက်လာလေလေနှင့် မြင်မြင်သမျှဓားနှင့်မွှေခုတ်နေမိတုန်းမှာပင်
" ဟိုကောင်လေး ရေချိုးတော့ဟေ့ အလှူအိမ်သွားဖို့နောက်တောင်ကျနေပြီ"
![](https://img.wattpad.com/cover/367143943-288-k173293.jpg)
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024