18.4.2024 မှစတင်ခဲ့တဲ့ အမှတ်တရလေးလေးက
11.11.2024 မှာ အဆုံးသတ်နိုင်ခဲ့ပါပြီ။
အကြောင်းအမျိုးမျိုးကြောင့် အချိန်အားဖြင့်
၈လ(ရက်ပေါင်း ၂၀၇ရက်) တောင်ကြာခဲ့ပေမဲ့
အဆုံးသတ်နိုင်ခဲ့တဲ့အတွက် အများကြီး
ပျော်ရွှင်ခဲ့ရပါတယ်။
" ယောက္ခမနဲ့တစ်ထောင့်တစ်ည " လေးက
ဇာတ်အိမ်ခိုင်ခိုင်မာမာမရှိသလို လိုအပ်ချက်တွေ
အများကြီးပါ။ ဒီလိုပုံစံလေး ရေးချင်စိတ်တစ်ခုထဲနဲ့
ရေးဖြစ်ခဲ့တာကြောင့် ဖတ်ရတာအဆင်မပြေတဲ့
အပိုင်းတွေလဲ အများရှိနေမှာ သိပါတယ်။
ဒါတွေကို နားလည်လက်ခံပြီး ဖတ်ပေးတဲ့သူ
တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအခါခါတင်မိနေပါတယ်။
11.10.2022 မှာ စတင်ခဲ့တဲ့ Eros အကောင့်
လေးဟာ 11.11.2024 မှာ 2နှစ်နဲ့ 1လသား
အရွယ်ရောက်ခဲ့ပြီး ဒီအတော့အတွင်း
အမှတ်တရလေး 5ခုကို ချန်ထားခဲ့နိုင်ပါပြီ။
2022 ထဲက အခုထိ အတူရှိနေပေးသူတွေ၊
ခရီးတစ်ဝက်မှသတိထားမိသူတွေ၊
2024 မှ သိပေးခဲ့တဲ့သူတွေ ၊ အားလုံး(အားလုံး)
ရဲ့ကျေးဇူးကြောင့် အခုထိရပ်တည်နေနိုင်တာ
အမှန်ပါ။
Eros ရယ်ဆိုပြီး အကောင့်စဖွင့်တဲ့အချိန်မှာ
ပထမဆုံးတွေးထားတဲ့အတွေးက ကိုယ့်စိတ်ထဲမှာ
ရှိနေတဲ့၊ ကိုယ်ရေးချင်နေတဲ့ပုံစံလေးတွေကို
တဖြေးဖြေးချင်း တစ်ပုဒ်ချင်းစီရေးကြည့်မယ်။
စိတ်ပါတဲ့အချိန် ကိုယ်ရေးထားတာလေးတွေကို
Gpတွေထဲ ဈေးဗန်းခင်းမယ်ပေါ့။ စိတ်ချင်းတူတဲ့
သူလေးတွေလာဖတ်ပြီး အေးအေးဆေးဆေး
ရှိနေချင်တာပါပဲ။
စာဖတ်သူတွေရဲ့ချစ်ခင်ပေးမှုကြောင့် Mချီပြီးရခဲ့
စာမူလေးတွေအပြင်၊ 100k တောင်မပြည့်တဲ့
စာမူလေးတွေအားလုံးဟာ စာရေးသူအတွက်တော့
တန်းတူတန်ဖိုးထားရတဲ့ အဖိုးတန်လေးတွေပါပဲ။
တိုးလာတဲ့Followersတွေနဲ့ ရလာတဲ့Viwerတွေ
အတွက်လဲ အများကြီးကျေးဇူးတင်နေပါတယ်။
နောင်ကိုလဲ ကိုယ့်တစ်ကိုယ်စာရပ်ဝန်းလေးထဲမှာ
တိတ်တဆိတ်နေထိုင်ရင်း ၊ ကိုယ်လက်ခံရရှိတဲ့
အသိအမှတ်ပြုမှု အများကြီးကိုဖြစ်စေ
အနည်းအကျဉ်းကိုဖြစ်စေ ပျော်ရွှင်စွာလက်ခံရင်း
နောက်ထပ် အသစ်အသစ်သော အမှတ်တရ
လေးများကို ချန်ထားခွင့်ရချင်ပါသေးတယ်။
YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Romanceပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024
