အပိုင်း - ၂၄
ခဏအကြာတွင် တဝေါ့ဝေါ့အသံကြားလိုက်ရသဖြင့် သွားချောင်းကြည့်သည့်အခါ လည်ချောင်းထဲလက်ညှိုးထိုးထည့်ကာအန်နေသော ငမောင့်ကိုမြင်လိုက်ရ၏။ ဝတ်ထားသည့်အကျႌ၏ကျောပြင်တွင်လည်း ချွေးစိုရွှဲနေတာကိုမြင်လိုက်ရသည့် အတွက် ငန်းဆေးမသောက်လိုက်ရသော်လည်း ချွေးထွက်ပြီး အပူကျသွားမှာသေချာနေလေပြီ။
ဒီလောက်ဆို အခြေအနေကအိုကေနေပြီမို့ နှုတ်ဆက်စကားမပြောတော့ပဲ အိမ်ထဲမှခပ်မြန်မြန်ပြန်ထွက်လာခဲ့တော့သည်။ ဆိုင်ကယ်မောင်းထွက် လာတော့မှသက်ပြင်းချလိုက်မိတော့သည်။" ငလူးထဲမှပဲ စေတနာနဲ့လုပ်ပေးပါတယ်ဆိုမှ အခန့်မသင့်ရင် စေတနာကို ဖေတစ်ရာနဲ့လဲစားခံရမဲ့ကိန်း "
*
*
*
*
*
*
*
*ဖုန်းဖွင့်ပြီးနာရီကြည့်လိုက်တော့ ဆယ့်တစ်နာရီသာရှိသေးသည်။ ဒီလောက်ဆို ငချိန့်အိမ်ဝင်ဖို့အချိန်ရသေးတယ်။ လေလေးတချွန်ချွန်နဲ့ ငချိန်တို့အိမ်ဘက်ကို ဆိုင်ကယ်မောင်းထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်တာနှင့် ငချိန့်ကိုလှမ်းတွေ့လိုက်ရ၏။ တစ်ယောက်ထဲတော့မဟုတ် သူ့တူအငယ်လေးနှင့်အတူထိုင်နေခြင်းဖြစ်သည်။ ပုံစံက သူ့တူကိုထိန်းနေပုံရလေသည်။
" ဟာ့ ယောက္ခမကြောက် လင်ကြောက် ဗိုင်းကောင်းကျောက်ဖိလေးဖိုးရွှေဒီးပါလား။ မမြင်ရတာကြာလို့ နတ်ရွာစံပျံလွန်တော်မူပြီထင်နေတာ ။ အသက်ရှိနေသေးတာပဲ "
ကိုယ့်ကိုမြင်တာနှင့် ပေါက်ကရလေးဆယ်စကားဖြင့်နှုတ်ဆက်လေသည်။ ဖိုးရွှေဒီးဆိုတာကလည်း ဒါမျိုးကိုငြိမ်ခံနေတတ်တဲ့သူမျိုးမဟုတ်တော့ခက်သည်။
" ငယ်ကျွန်ကြီးပို့သတဲ့မေတ္တာကြောင့် ကျန်းခန့်သာလို့မာပါရဲ့ဗျာ။ အခု မင်းသခင်ကို အရှင် လတ်လတ်ဖူးခွင့်ရပြီဆိုတော့ သင့်တော်ရာကနေ
ဒူးထောက်ခစားစေဗျာ "ရောင်းသူဝယ်သူအသံတူဆိူသလိုပင် ချက်ချင်းခွန်းတုံ့ပြန်လိုက်တော့လည်း ငချိန်က သူ့မျက်နှာကိုမဲ့ကာရွဲ့ကာဖြင့်
" - ီးကိုမှ မခံစားနိုင်ပါဘူး။ လာလမ်းသာပြန်ကြွမြန်းပါတော့နော် "

YOU ARE READING
ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Completed)
Lãng mạnပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ ပေါ့ပေါ့ပါးပါး ချိုချိုအေးအေးလေးပါပဲ Start Date - April 15,2024 End Date - November 11,2024