ပါတနာများ
လျန်ကျင်ရှိုး အတော်ကြာအောင် စောင့်နေလိုက်သည်။ တစ်ဖက်က ဘာ တုံ့ပြန်မှုမှ မပြလာတော့ သူက တိုက်ရိုက်ပဲ ဖုန်းခေါ်လိုက်ပြီး ပြောလိုက်သည်။
"မင်း ဆင်ခြေမပေးဘူးဆိုရင် မင်းအရင်ဆုံးပြောတဲ့ ဆင်ခြေကိုပဲ အတည် ယူပစ်လိုက်မှာ"
မက်ဆေ့ခ်ျကို ခုလေးတင် ဖတ်ပြီးသွားသည့် ကျိရှောင်ယန့်က "အင်း" တစ်လုံးတည်း ပြန်ဖြေသည်။
သူ မူလက ဘယ်သူ့ကိုမှ မပြောချင်ခဲ့ပေမဲ့ အခုတော့ ယိုပေါက်တွေ များလှသည်။ သူ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့ပေ။
သူပထမဆုံး နိုးလာတုန်းက အရူးတစ်ယောက်လို ပြုမူခဲ့သည်။
ဒုတိယအကြိမ်နိုးလာချိန်မှာတော့ ကျိုးလီကို ဂိမ်းထဲမှာ ပန်းပို့ပေးခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို ကျိုးလီအတွက်နှင့် သူ့ခြေကျင်းဝတ်ကို ချိုးပစ်ခဲ့၏။
ကျင်ရှိုးနှင့် ရှောင်ယန်သာ ဂိမ်းထဲက "လီ" ဆိုတာက ကျိုးလီနှင့် အတူတူပဲဆိုတာကို မသိခဲ့လျှင် ကောင်းလိမ့်မည်ပင်။ ခုတော့ သူတို့စဥ်းစားကြည့်လျှင် သေချာသောအချက်ကို တွေးနိုင်ပြီဖြစ်သည်။
ပိုပြီးအရေးကြီးတာက ကျင်ရှိုးက သူ ကိုမာကနေ နိုးလာသည့်နေ့တုန်းက ရှာဖွေမှုအများဆုံးအကြောင်းအရာအကြောင်း မေးတာကို ကြားသွားခဲ့သည်။
စဥ်းစားကြည့်ပါက ဟက်စကီး၏ ဒဏ်ရာတွေ ရလာသည့်အချိန်ကျမှ သူ့မျက်လုံး ပထမဆုံး ပြန်ဖွင့်နိုင်ခဲ့တာဖြစ်၏။
ဘယ်လိုပင်ဖြစ်ဖြစ် သူခန့်မှန်း၍ရသည်။ အရူးမှပင် မသိဘဲနေလိမ့်မည်ပင်။
လျန်ကျင်ရှိုး၏ မျက်လုံးထဲက အပြုံးက မှန်ဖျော့သွားကာ မေးလာသည်။
"နောက်ကွယ်ကလူက ယန်အာ့ရှောက်လား?"
ကျိရှောင်ယန့်ကပြောသည်။
"ဘယ်သူဖြစ်နိုင်သေးလို့လဲ"
လျန်ကျင်ရှိုးက သူတို့နှာခေါင်းအောက်မှာတင် ယန်အာ့ရှောက်က ခွေးတစ်ကောင်ကို အရူးအမူးရှာနေခဲ့သည့်အချိန်ကို ပြန်တွေးကြည့်လိုက်ကာ ရုတ်တရက် ဆဲလိုက်မိသည်။

YOU ARE READING
ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)
Romanceစာရေးသူ : ယီးရှစ်ဟွားချန် အမျိုးအစား : Comedy Romance School Life Shounen Ai Supernatural