ဒေါင်းအထီး၏ အမွေးအတောင်သေချာပေါက် ကျိုးလီက လူနာဆီကို လက်ဗလာနှင့် မသွားလိုက်နိုင်တာကြောင့် သွားနေသောလမ်းပေါ်က ပန်းဆိုင်မှာရပ်ပြီးကိုယ်တိုင်ကိုယ်ကျ ပန်းစည်းလေးတစ်စည်း ပြင်ဆင်လိုက်သည်။
သူ့အမေနှင့်အတူ အဖော်ပြုရင်း ရရှိထားသော ပန်းအလှဆင်ခြင်းစွမ်းရည်က နောက်ဆုံးမှာ နည်းနည်းလောက်အသုံးဝင်လာတာကြောင့် သူပျော်ရွှင်ရလေသည်။
သူက ပန်းစည်းကို ကမ်းပေးလိုက်ကာပြောသည်။
"မင်းမြန်မြန်သက်သာလာစေဖို့ ဆုတောင်းပါတယ်"
သူနာပြုရှေ့တိုးလာတာကို မစောင့်ဘဲ ကျိရှောင်ယန့်က အရင်လှမ်းယူလိုက်သည်။ ရုတ်တရက်လှုပ်ရှားမှုကြောင့် ပန်းစည်းယူလိုက်စဉ်အတွင်း သူတို့ ၏လက်ချောင်းထိပ်လေးတွေ အချင်းချင်း ထိမိသွားခဲ့ကာ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး သူ့လက်ချောင်းတွေကြားကျန်နေသေးသော အနွေးဓာတ်လေးကို ပွတ်သပ်လိုက်သည်။
အပြုံးလေးနှင့် သူကပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်"
ကျိုးလီက သူ့ခြေကျင်းဝတ်ကို တစ်ချက် ခိုးကြည့်လိုက်တော့ ပတ်တီးစည်းထားတာကို တွေ့ရကာမေးလိုက်သည်။
"ပြန်သက်သာဖို့ ဘယ်လောက်ထိကြာမှာလဲ?"
ကျိရှောင်ယန့်ကပြောသည်။
"ဒေါက်တာပြောတာတော့ တစ်လလောက် ဂရုစိုက်ရမယ်တဲ့"
ဆိုလိုတာကတော့ တစ်လလောက်က မဖြစ်မနေ ချုပ်နှောင်ခံထားရမှာဆိုတာပင်။
ကျိုးလီက သူ့စိတ်ထဲကနေ အဖိုးကျိက နတ်ဘုရားလိုလူပါလားဟု မှတ်ချက်ချနေမိကာ ခေါင်းညိတ်လိုက်ပြီး တစ်ဖက်ကောင်လေး၏ အနားမှာရှိသော တစ်ယောက်ထိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
ကျိရှောင်ယန့်က သူ့ခေါင်းမှာ ပတ်ထားသော ပိတ်ကျဲစတွေကို ကြည့်လိုက်သည်။
"မင်းရော ဘယ်လိုနေလဲ?"
ကျိုးလီကပြောသည်။

YOU ARE READING
ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)
Romanceစာရေးသူ : ယီးရှစ်ဟွားချန် အမျိုးအစား : Comedy Romance School Life Shounen Ai Supernatural