နောင်မှရတဲ့နောင်တလောက်နာကျင်ကြေကွဲဖွယ်ရာမရှိ။ ခံစားချက်အမှန်ကို မသိမမြင်၊လျစ်လျူရှုနေခဲ့ပြီး အမှန်တကယ် သိလာတဲ့အချိန်မှာတော့သူက အဝေးတနေရာသို့ထွက်သွားခဲ့လေပြီ။ သူပြောခဲ့သလို မင်းပျော်ရွှင်ရမှာမဟုတ်ဘူး ဆိုတဲ့ စကားကမှန်ပါတယ်။ခံစားချက်ကိုတိတိကျကျသိလာတဲ့နေ့ကစပြီး နေ့တိုင်းရက်တိုင်းလွမ်းနာကျခဲ့ရပါတယ်။
အခွင့်အရေးလေးပေးမယ်ဆိုရင် ကျေနပ်တဲ့အထိဒူးထောက်ပြီးတောင်းပန်ပါရစေ။ ခြေဖဝါးအောက်ဝပ်တွားဆိုရင်တောင် ကျိုးကျိုးနွံနွံဝပ်တွားပြီး ခစား ပစ်မှာပါ ချစ်သူ။ ဒါကြောင့်မင်းနှလုံးသား ကို ပိတ်လှောင်ထားတဲ့တံခါးချပ်လေးကို ဖွင့်လှစ်ခွင့်ပြုပါလားကွယ်။
=======================
အိမ်ရှေ့ဧည့်ခန်းတွင် မတ်တပ်ရပ်ကာ စောင့်နေသောChaeEun။ ည၁၁နာရီသို့ညွှန်ပြနေသောနာရီအား ခနခနကြည့်ကာမျက်နှာပျက်လျက်ရှိနေသည်။ မင်္ဂလာဆောင်သည့်ညကတည်းကအရေးပေါ်အလုပ်ဆိုပြီး မင်္ဂလာဦးညကိုပစ်သွားသည့်သူက ညနေလောက်ဆိုပြန်လာပြီးရေချိုးအဝတ်အစားလဲ၍ကုမ္ပဏီကိုသာပြန်သွားသည်။ဒီညလည်းပြန်လာတော့မည်မဟုတ်ကြောင်းကို သိပါသော်လည်း နည်းနည်းတော့မျှော်လင့်နေမိသည်။
ညအိပ်ဂါဝန်ဖဲသားအပျော့လေးအား ဝတ်ဆင်ထားပြီးအမွှေးအကြိုင်တို့ကိုသေချာအသုံးအပြုထားသော သူမသည် နာရီလက်တံတစ်ချက်ရွေ့သည်နှင့်အပြိုင်မျက်နှာပျက်လာနေပြီ။ တစ်ပတ်တိတိရှိသွားပြီ။ Jungkook က သူမအားလက်နှင့်ထိဖို့မပြောနှင့် မျက်လုံးနှင့်ပင်မကြည့်ခဲ့ပေ။ ဝမ်းနည်းသလိုရှက်ရွံမိသည်။ ဒါပင်မယ့်သူမကအရှုံးမပေး။
၁၂နာရီခွဲနေပြီဖြစ်တာကြောင့်မနေနိုင်တော့သည့်အဆုံး Jungkookထံဖုန်းခေါ်လိုက်သည်။ဖုန်းဝင်ပြီးတော်တော်ကြာကာမှ တစ်ဖက်ကကိုင်သည်။
"နင်ဒီနေ့ညလည်းအိမ်ပြန်မလာဘူးလား!!"
ဖုန်းကိုင်လိုက်သည်နှင့် ကျယ်လောင်စွာကြားလိုက်ရသောအော်ပြောသံကြောင့်မျက်လုံးတို့မှိတ်မိသွားသည်။ သက်ပြင်းချလျက်သူ၏မျက်ရိုးစပ်တို့အားလက်နှစ်ချောင်းဖိနှိပ်ကာ တစ်ဖက်ကမရိုးနိုင်အောင်ပြောနေသော စကားတို့ကိုနားထောင်ပေးနေလိုက်သည်။
![](https://img.wattpad.com/cover/368007773-288-k349512.jpg)