Ep.29(uni+zg)

2.5K 225 32
                                    

ဆေးရုံဝတ်စုံဖြင့် ကြမ်းခင်းပေါ်ဒူးထောက်လျက်ငိုယိုနေသော သမီးဖြစ်သူကိုကြည့်ကာ အလွန်အရှက်ရမိသည်။မနက်အစောထဲက Noraနှင့်ကောင်လေးတစ်ယောက် ရောက်လာပြီးပြောသွားသောစကားတွေက သူ၏ခင်ပွန်းပါ သွေးတက်၍မူးမေ့လဲစေတဲ့အထိ။ မယုံကြည်သဖြင့် လာရမည့်နေရာကိုရောက်လာသည့်အခါ တကယ်ကိုပင်စိတ်ပျက်မိသည်။

"Kim ChaeEun!!!"

"အ..အမေ..."

ဖြောင်း!!!

လှည့်ထွက်သွားသောခေါင်းနှင့် ထူပူသွားသောပါးတစ်ဖက် အမေကသူ့ကိုပါးရိုက်လိုက်ခြင်း။

"မိဘမျက်နှာအိုးမဲသုတ်တဲ့သမီး!!နင့်ကိုအလိုလိုက်ခဲ့တာတွေက ဒီလိုယုတ်ညံ့တဲ့လုပ်ရက်တွေမဟုတ်ဘူးဟဲ့!!!"

"မဟုတ်ဘူး.....မလုပ်ဘူး......"

"သိပ်ရှက်ဖို့ကောင်းတယ် နင့်အကြောင်းတွေငါတို့အသိုင်းအဝိုင်းမှာပျံ့သွားပြီ နင်သိလား!!!အကုန်လုံးကနင့်ကိုရောမိဘတွေဖြစ်တဲ့ငါတို့ကိုရော လက်ညှိုးထိုးဝေဖန်တော့မှာ!!!"

ChaeEun က နီရဲနေသောမျက်လုံးများဖြင့်Noraကိုလှည့်ကြည့်ကာ Noraထိုင်နေသည့်နေရာသို့အမြန်လျှောက်လာကာ

"နင့်ကြောင့်!!!ငါနင့်ကိုသတ်ပစ်မယ်!!!"

လည်ပင်းသို့ရွယ်ရန် ပြင်နေသောလက်နှစ်ဖက်ကိုNoraက ပုတ်ထုတ်လိုက်ကာ ChaeEun၏ဆံပင်ကိုသူမ၏လက်တစ်ဖက်နှင့်တစ်ဆုပ်ဆောင့်ဆွဲလိုက်ပြီး

"နင့်အဆင့်နဲ့များ!!"

မြေကြီးပေါ်တွန်းချလိုက်တော့ ဖရိုဖရဲပြုတ်ကျသွားသည့်ChaeEun က သူ့အားဝိုင်းကြည့်နေကြသောမျက်လုံးတို့ကိုတစ်ယောက်ချင်းစီလိုက်ကြည့်ပြီးနောက် စိတ်လွတ်နေသည့်လူတစ်ယောက်ကဲ့သို့အသံကုန်အော်တော့သည်။

"အားးးးးး"

သူမ၏ ကျယ်​လောင်သောအသံကြောင့် ကလေးကလန့်ကာအော်ငိုသည်။

"အဲ့ဒီသောက်ကလေးကိုပါသတ်ပစ်မယ်!!!!!"

ကုန်းရုန်းထလာပြီး Lee Do Suu ထံသို့ပြေးသွားကာ လက်ထဲမှကလေးကိုအတင်းဆွဲလုသည်။ ထိုအခါသူမ၏အမေက ChaeEun ကို ဝင်ဆွဲရသည်။

Painful LOVE {Completed }Where stories live. Discover now