Ep.13(uni+zg)

1.1K 145 13
                                    

2024.....။

ငြိမ့်ညောင်းစွာမောင်းနေသောကားနှင့်ဆန့်ကျင်ဘက် သူမ၏ရင်ထဲတွင်ဗလောင်ဆူနေလေသည်။ ငယ်စဥ်ကထူးချွန်ထက်မြတ်ခဲ့သောဦးနှောက်ကိုအသုံးပြုကာ အကြောင်းတရားများကိုဆက်စပ်ကာတွေးကြည့်နေသော်လည်းမရေရာပေ။ကာယကံရှင်ကိုယ်တိုင်တောင်သေချာမသိတဲ့ကိစ္စကို ဘေးလူဖြစ်တဲ့သူမအနေနဲ့စဥ်းစားနေရသည်မှာ ကောက်ရိုးပုံထဲအပ်ရှာနေရသလိုစမ်းတဝါးဝါး။ သို့သော် သူမ ရအောင်ရှာမည်ဟုဆုံးဖြတ်ချက်ချထားသည်။

လွဲနေတဲ့လမ်းကြောင်းကို ငါမမြင်ချင်ယောင်ဆောင်ခဲ့မိတဲ့အတွက် ဆုံမှတ်ရှိလမ်းကြောင်းအဖြစ်ငါကိုယ်တိုင်လမ်းဖောက်ပေးမယ်....ဒါပင်မယ့်နင်ကတော့မှန်ကန်နေမှရမယ် Jeon Jungkook။

အိမ်ရှေ့စင်ဝင်အောက်တွင်ကားရပ်လိုက်သည့်အခါ အိမ်အကူအဒေါ်ကြီးကအိမ်​ပေါက်ဝတွင်ရပ်ကာ သူမကိုစောင့်မျှော်နေပုံရသည်။

"ကိစ္စရှိလို့လား အဒေါ်ကြီး"

"ဟို....ငိုနေတဲ့အသံကြားလိုက်လို့ပါ"

အပေါ်သို့လက်ညှိုးညွှန်ပြကာပြောသောအဒေါ်ကြီးအား ခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်ကဲ့.....အဒေါ်ကြီးပြန်လို့ရပါပြီ"

ထမင်းချက်နှင့်သန့်ရှင်းရေးအဖြစ်သာခေါ်ထားသောအဒေါ်ကြီးသည် သူမတို့၏အိမ်အတွက်နေ့လည်စာနှင့်ညစာကိုတစ်ခါတည်းချက်ပြုတ်ပေး၍သန့်ရှင်းရေးလုပ်ရန်သာ နေ့တပိုင်းငှားရမ်းထားခြင်းဖြစ်သည့်အတွက် အခုလိုချက်ပြုတ်ပြီးသည့်အခါအဒေါ်ကြီးသည် သူမအိမ်သို့ပြန်သွားရသည်။ အဒေါ်ကြီး ခြံအပြင်သို့ရောက်သွားသည်နှင့် အပေါ်ထပ်သို့တက်လာလိုက်သည်။အခန်းတစ်ခုအရှေ့အရောက်တွင် သူမကိုယ်တိုင်လည်းမျက်ရည်ဝဲတက်လာသည်။

"Jimin....ငါဝင်လာမယ်နော်"

လော့ မချထားသောအခန်းတံခါးကိုအသာဖွင့်ကာအခန်းထဲသို့ဝင်လ်ိုက်သည့်အခါ သူမခြေလှမ်းတို့တွန့်သွားသည်။ အဒေါ်ကြီးပြောသွားသည့်ငိုသံကြားလိုက်သည်ဟူသောစကားနှင့်အခန်းထဲရှိလူ၏ပုံစံမှာတခြားစီဖြစ်နေသည်။ ဆံပင်တို့ကိုအနောက်လှန်ဖြီးသင်ထားပြီး ရှပ်အင်္ကျီအနက်ရောင်အားတံတောင်ဆစ်အထိခေါက်တင်ထား၍ စတိုင်ပန့်ခဲရောင်ဖြင့် ရှင်းသန့်နေသည့်သူမှာအရင်ရက်တွေက အရက်ပုလင်းတစ်လုံးနဲ့မှိုင်တွေနေသည့်သူနှင့်လားလားမျှ မသက်ဆိုင်။

Painful LOVE {Completed }Where stories live. Discover now