Ep.6(uni+zg)

1K 133 22
                                    

လူတွေကပြောကြတယ်။လောကမှာငွေဟာအရေးကြီးဆုံးတဲ့။မှန်ပါလိမ့်မယ်တချို့သူတွေအတွက် ကျွန်မအတွက်တော့ ပိုက်ဆံဆိုသည်မှာ သင်္ချာပုစ္ဆာတွေရေးတွက်တဲ့စာရွက်ထက်ပင်အရေးမပါပေ။ ဒီတိုင်းစက္ကူသာသာပါပဲ။

"Nora!"

ကိုယ့်အတွေးနှင့်ကိုယ် လျှောက်နေစဥ်အနောက်မှခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့သူရှိရာသို့ပြေးလာနေသည့် Jimin။

"ငါခေါ်နေတာကြာလှပြီ"

"ဟုတ်လား...ငါအတွေးလွန်နေလို့"

Jiminသည် Noraနှင့်ဘေးချင်းကပ်လျက်လျှောက်နေရင်းမှ မျက်နှာမကောင်းသောNoraကိုသေချာကြည့်၍

"အိမ်ကလိုက်မပို့ဘူးလား"

"ငါလိုက်မပို့ခိုင်းတာ...စိတ်ရှုပ်လို့"

"ဘာတွေဖြစ်နေတာလဲ"

"နင်ကျောင်းပြီးရင် ဘာလုပ်ဖို့အစီအစဥ်ရှိလဲJimin"

Nora၏မေးခွန်းကြောင့် Jimin က တွေးစစဖြစ်သွားပြီး

"ငါသေချာမသိဘူး"

Noraက နားလည်ဟန်ဖြင့်ခေါင်းညိတ်ပြသည်။

"နင်ရော ဘာလုပ်မှာလဲ....ငယ်ငယ်ကပြောသလို ကျောင်းဆရာမလုပ်မှာလား"

Noraက ခပ်ဖွဖွပြုံးသည်။ထို့နောက်ခေါင်းကိုခါလျက်

"ကျောင်းပြီးတာနဲ့ ဒယ်ဒီတို့စီစဥ်ပေးတဲ့ ငါ့ထက် ဆယ်နှစ်ကြီးတဲ့လူနဲ့လက်ထပ်မယ်...သူပိုင်တဲ့ရှယ်ယာတစ်ဝက်ကို ဒယ်ဒီတို့ကိုပေးပြီးငါကသူ့နောက်မိန်းမလုပ််မယ်"

Jiminသည် Nora ကိုကြည့်၍ဝမ်းနည်းသွားသည်။

"လက်ထပ်ရမယ်....နင်ကလက်ခံတယ်ပေါ့"

"ချစ်သူရှိတယ်ဆိုရင် အဲ့ဒီလူထက်ချမ်းသာတဲ့သူဆိုရင်ငါ့သဘောတဲ့"

Noraက ငိုချင်စိတ်ကိုထိန်းချုပ်ရင်းပြောနေသည်။Jiminစိတ်မကောင်းဖြစ်မိသည်မှာအမှန်ပင်။

"ချမ်းသာပြီးသားလေ....ပိုက်ဆံကလ်ိုသေးလို့လား ဒီတိုင်း...ဒီတိုင်းကိုယ်ချစ်တဲ့သူကိုပဲရွေးချယ်လို့မရဘူးလား...Jung...Jungkookကရော"

Noraက သူ့ကိုလှည့်ကြည့်သည်။သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီးနောက်

Painful LOVE {Completed }Where stories live. Discover now