Ep.11(uni+zg)

1.1K 149 31
                                    

နယ်မြို့ငယ်လေး၏အအေးဒဏ်မှာ အနွေးထည်နှစ်ထပ် ဝတ်ထားသော်လည်းခိုက်ခိုက်တုန်အောင်ချမ်းနေသည်။ နေရာအသစ်ဖြစ်တာကြောင့်တော်တော်နှင့်အိပ်မရပဲ လူးလိမ့်နေရာမှထလိုက်ပြီး ခရီးဆောင်အိတ်ထဲမှ အနွေးထည်နောက်တစ်ထည်ကိုထုတ်၍ ခြေသံဖော့ကာ အခန်းအပြင်သို့ထွက်ခဲ့သည်။

အခန်းတစ်ခု၏အရှေ့တွင် အချိန်ကြာအောင်ရပ်နေပြီးနောက် သက်ပြင်းချကာ အသက်ပြင်းပြင်းရှု၍ အခန်းတံခါးကိုခပ်ဖွဖွခေါက်လိုက်သည်။

ဒေါက်!ဒေါက်!ဒေါက်!.....

အထဲမှသူကတံခါးဖွင့်ပေးလိုက်သည်နှင့်သူယူလာသောအနွေးထည်ကို ပစ်ပေးလိုက်သည်။ အိပ်မှုန်စုတ်ဖွားဖြင့်သူက သူ့အားတလှည့်အနွေးထည်ကိုတလှည့်ကြည့်နေသဖြင့် အသံခပ်ကြိတ်ကြိတ်ဖြင့်ပြောလိုက်သည်။

"ဝတ်ထား....မနက်ကျလျှောက်လည်မယ့်အစီအစဥ်မပျက်စေချင်လို့"

အအေးကဲတာနဲ့ဖျားတတ်သူသည် သူ့အားစိုက်ကြည့်၍ အခန်းထဲသို့ပြန်ဝင်သွားသဖြင့်သူလည်းသူ့အခန်းဘက်သို့ပြန်လျှောက်လာလိုက်သည်။Jiminသည် Jungkookပေးသွားသောအနွေးထည်ကိုကြည့်ကာ ဝတ်သင့်မဝတ်သင့်စဥ်းစားနေသည်။ ရှိုးထုတ်ချင်လို့ထည့်လာသောအနွေးထည်များက စတိုင်သာမိုက်သော်လည်းအအေးဒဏ်ကိုမခံနိုင်။

"ဘာဖြစ်လဲ သူလာပေးလို့ဝတ်တာ "

တစ်ယောက်တည်းရေရွတ်လိုက်ပြီး သိုးမွှေးအနွေးထည်ကိုဝတ်လိုက်ပြီး ခေါင်းစွတ်ပါစွတ်ကာဇစ်ကိုအပြည့်ဆွဲ၍ အိပ်ယာပုံထဲပြန်ကွေးနေလိုက်သည်။ အနွေးထည်ကြောင့်ခန္ဓာကိုယ်ကနွေးထွေးသွားသလို ရင်ထဲ၌လည်း နွေးတေးတေး၊ပါးနှစ်ဖက်မှာလည်းနီဆွေးဆွေး။

တစ်ဖက်အခန်းကJungkookသည် အိပ်ယာထဲတွင်ပက်လက်လှန်၍နှဖူးပေါ်လက်တင်ကာ ပြုံးယဲ့ယဲ့ဖြင့် သူ၏အောက်နှုတ်ခမ်းကိုကိုက်ထားကာ ဆံပင်စုတ်ဖွား၊အိပ်ချင်မူးတူးဆူပုတ်ပုတ်မျက်နှာလေးကိုပြန်မြင်ယောင်နေမိသည်။

နေရာအသစ်ကြောင့်အိပ်မပျော်ခဲ့သော်လည်းထိုနေ့ညကအိပ်မက်တွေလှနေခဲ့သည်ကိုတော့ သူထုတ်မပြောမိ။

Painful LOVE {Completed }Where stories live. Discover now