Ep.8(uni+zg)

1K 121 17
                                    

"မေမေ ကျွန်တော်သွားပြီနော်"

အိမ်တံခါးကိုပိတ်ရင်း ကျောင်းသွားရန်အတွက်နှုတ်ဆက်လိုက်သည့်အခါ တံခါးလုံးလုံးမပိတ်ရသေးခင် အိမ်ထဲမှမေမေ့၏အော်ပြောသံကြောင့်တံခါးပိတ်မည့် လက်များခနတန့်သွားသည်။

"မနက်ဖြန် ChaeEun တို့အိမ်ကိုသွားရမှာနော်.....မမေ့နဲ့ဦး"

"ဟုတ်ကဲ့ပါ"

သက်ပြင်းချကာ တံခါးပိတ်၍ တစ်ဖက်အိမ်သို့လှမ်းကြည့်ပြီး ခြံထဲမှထွက်လာခဲ့တော့သည်။

မနက်ဖြန်အတွက်အတွေးတို့ကိုနယ်ချဲ့နေရင်းမှ အရှေ့တွင်ခပ်ရေးရေးမြင်နေရသောပုံရိပ်ကြောင့် အနည်းငယ်အံ့အားသင့်သွားပြီးလက်ကနာရီကိုငုံ့ကြည့်လိုက်သည်။

"ဘာလဲဟ...ဒိီအခြိနျကြောငျးကိုရောကျသငျ့နပွေီမဟုတျဘူးလား"

တစ်ယောက်ယောက်ကိုစောင့်နေဟန်ဖြစ်သော သူသည် သူ့ကိုတွေ့သည်နှင့်မျက်ခုံးများပို၍တွန့်ချိုးလိုက်ပြီး မျက်နှာကလည်းသာမန်ထက်ဆူပုပ်သွားသည်။

ဘယ်သူ့ကိုစောင့်နေတာလဲ....။

ကိုယ်နှင့်မဆိုင်သည့်ကိစ္စဖြစ်တာကတကြောင်း၊မနေ့ညကဖြစ်ရပ်များကြောင့် မမြင်ချင်ယောင်ဆောင်ကာ လျှောက်သွားတော့အနောက်ကနေဆူအောင့်အောင့်ဖြင့်ခေါ်လိုက်သည့်သူ။

"Jeon Jungkook!!!!"

မမျှော်လင့်ထားတာကြောင့်စိတ်လှုပ်ရှားသွားပင်မယ့် အနောက်သို့လှည့်ကြည့်ကာမျက်ခုံးပင့်ပြလိုက်တော့ သူ့အနားကိုလျှောက်လာသည်။

"ChaeEun နဲ့လက်မထပ်နဲ့!!"

"ငါ့ကိစ္စပါ"

"မင်း ChaeEun ကိုမကြိုက်ပါဘူး...ငါကြိုက်နေမှန်းသိလို့တမင် အကျင့်ယုတ်တာမလား!!"

သူ၏စကားဆုံးသည်နှင့် Jungkook၏မျက်နှာကတင်းမာသွားကာ သူ့ကျိုခပျစူးစူးစိုကျကွညျ့လာပွီး

"မင်းက ChaeEun ကိုကြိုက်တယ်ပေါ့လေ"

".............."

မနေ့ညကနှင့်တူသောမျက်နှာ အံကြိတ်ထားသောအသံဖြင့် မေးသည့်သူအား ပြန်မဖြေမိ။

Painful LOVE {Completed }Where stories live. Discover now