Ep.20(uni+zg)

1K 137 24
                                    

ChaeEun ၏ စီမံမှုဖြင့် သူငယ်ချင်းများဆုံကာညစာ စားပွဲကျင်းပဖြစ်သည်။ Hoseok၏အစ်ကိုဝမ်းကွဲSeokJin တို့အတွဲသည်လည်း သူတို့၏အလုပ်ကိစ္စဖြင့် ဆိုးလ်သို့တက်လာရင်းHoseokနှင့်အတူ ညစာစားပွဲသို့လိုက်လာကြသည်။စီနီယာYoonGiကတော့ နိုင်ငံခြားပြိုင်ပွဲခရီးစဥ်ကြောင့်မလာနိုင်ပေ။

ငယ်သူချင်းများနှင့်အတူ ChaeEun ၏ အလုပ်ပါတနာများလည်းရှိသည်။အားလုံးက ChaeEun နှင့်သူ၏မင်္ဂလာပွဲအတွက်ဂုဏ်ပြုစကားပြောပေးနေကြသည်။

"love line ဖြစ်မယ်ထင်ခဲ့တာ"

NamJoon သည် သူ့အားတိုးတိုးလေးပြောသောSeokJin ကြောင့် မျက်နှာချင်းဆိုင်ထိုင်နေသည့်ကောင်လေးနှစ်ယောက်ကိုလှမ်းကြည့်လိုက်သည်။ တစ်ယောက်ကလည်း မျက်နှာသေဖြင့်အရက်ကိုသာသောက်နေပြီး နောက်တစ်ယောက်ကလည်းသာမန်သတို့သားလောင်းတွေလို ပျော်နေသည့်အရိပ်အယောင်မရှိ။

"မင်္ဂလာပွဲကဘယ်နေ့လဲ...Hoseok"

SeokJin က Hoseok ကိုလှမ်းမေးလိုက်တော့ ChaeEun ကဝင်ဖြေသည်။

"သန်ဘက်ခါပါရှင့်.....မပြန်ကြသေးဘူးဆိုရင်လာခဲ့ကြနော်....Hoseok ခေါ်လာခဲ့နော်...Jiminလည်းလာခဲ့နော်..."

Jiminက ဘာမှတုံ့ပြန်မှုမပေးပဲအရက်ခွက်ကိုသာစိုက်ကြည့်နေသဖြင့် ChaeEun ကမျက်နှာပျက်သွားကာ အားလုံးကလည်းJiminကိုသာကြည့်နေကြသည်။

"ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်ကိုအိမ်ထောင်သည်အနေနဲ့တွေ့ရတော့မယ်ဆိုတော့ဝမ်းသာပါတယ်"

Nora က နေရခက်နေသောအခြေအနေကြောင့်စကားလမ်းကြောင်းလွှဲလိုက်သည့်အခါ ChaeEun၏ သူငယ်ချင်းများကဂုဏ်ပြုစကားထပ်ပြောကြသည့်အတွက်ပြန်၍ဆူညံသွားသည်။ Jungkook သည် Nora၏ စကားကြောင့် မျက်နှာပျက်သွားသောJimin ကိုသေချာကြည့်နေကာ ဆိုဂျူပုလင်းကိုယူလိုက်ပြီး Jiminအရှေ့ရှိလွတ်နေသောဖန်ခွက်ထဲသို့ငှဲ့ထည့်ပေးလိုက်သည်။ ထိုအခါ သူ့ကိုမော့ကြည့်လာသောသူကအံ့ဩခြင်းအရိပ်အယောင်မရှိပဲ မှင်သေသေဖြင့်သာ။

"ငါ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားပြောပေးလို့ရမလား Park Jimin"

တခြားသူများကသူတို့အာရုံဖြင့်သူတို့ဖြစ်နေကြသည့်အတွက် သူတို့နှစ်ဦးအား သတိမထားမိသော်လည်းသေချာစောင့်ကြည့်နေသူက SeokJin။

Painful LOVE {Completed }Where stories live. Discover now