ထိုနေ့ကစလို့ မာနခြင်းပြိုင်တဲ့ကစားပွဲကစတင်ဖြစ်ပေါ်လာတော့တယ်။
ဘယ်သူသိမှာလဲ မာနခြင်းရင်းပြီးပြိုင်တဲ့ပွဲမှာ နှလုံးသားတွေကဓားစာခံဖြစ်သွားမယ်ဆိုတာ။
=======================
"ဘယ်လို Jiminကဆိုးလ်ကိုပြန်သွားတယ်ဟုတ်လား ဘယ်တုန်းကလဲ"
SeokJin hyung က မယုံနိုင်သလိုမေးနေပြီး ကျန်သည့်သူများကလည်းအကြောင်းအရင်းကိုသေချာမသိသဖြင့်သူ့ထံမှအဖြေကိုငဲ့လင့်နေကြသည်။
"သူ့အဖေနေမကောင်းလို့ပြန်သွားတာထင်တယ်...ဆိုးလ်မှာကသူ့အဖေတစ်ယောက်ထဲလေ hyungတို့ကိုကျေးဇူးတင်ကြောင်းနဲ့နှုတ်ဆက်ကြောင်းပြောခိုင်းလိုက်တယ်...ပြီးတော့မပြောမဆိုပဲပြန်သွားမိတဲ့အတွက် တောင်းလည်းတောင်းပန်ပါတယ်တဲ့"
Taehyung သည် Hoseok တို့နှင့်ပန်းခင်းထဲသို့ရောက်နေချိန် Jiminထံမှဖုန်းဝင်လာပြီး ထိုအချိန်ကJimin ပြောခဲ့သည့်အတိုင်း ပြန်ပြောပြလိုက်သည်။
"တောင်းပန်စရာမလိုပါဘူး အခြေအနေကဒိိီလိုပြန်မှဖြစ်မှာမို့လို့နေမှာပေါ့......ကိုယ်တို့ကိုအားမနာပါနဲ့လို့ပြောလိုက်ပါ "
NamJoon က စိတ်မကောင်းဖြစ်သွားသည့်SeokJin၏ လက်ဖဝါးအားခပ်ဖွဖွဆုတ်ကိုင်ရင်းပြောလိုက်သည်။
"Nora...နင့်က်ိုရောဘာမှမပြောသွားဘူးလား...နင်တို့ကတတွဲတွဲဆိုတော့"
ChaeEun က မေးလိုက်တော့Jungkook၏အကြည့်တို့က Noraပေါ်သို့စူးကနဲရောက်လာသည်။ Noraက ChaeEun အားခေါင်းသာခါပြလိုက်သည်။
"ဒါဆို ငါတို့လည်း နောက်နေ့ပြန်မလား Jiminကဟိုမှာအဆင်ပြေလားမသိ မပြေလားမသိဆိုတော့.....ဖုန်းလည်းခေါ်မရဘူးသူ့ကို"
Hoseok က Jiminထံသို့ဖုန်းဆက်တိုက်ခေါ်ရင်းပြောသည်။ အားလုံးကစဥ်းစားပြီးနောက် သန်ဘက်ခါတွင်ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။
Jungkookကအခန်းထဲသို့ရောက်သည်နှင့်သူ၏ဖုန်းကိုထုတ်ကာ သူ၏မေမေထံသို့ဖုန်းခေါ်လိုက်သည်။
"ဟယ်လို မေမေ"
"Jungkookie"
"မေမေအခု အိမ်မှာလား"
