အဖေတို့နှင့်စကားပြောနေချိန်တစ်လျှောက်လုံး သူ့ကိုJungkookက ကြည့်နေသည်။ တစ်ချက်တစ်ချက်လည်းသူ၏လက်ကောက်ဝတ်တစ်ဖက်ကိုအင်္ကျီဖြင့်အတင်းဆွဲအုပ်ကာ မျက်ဆံတို့ကဂနာမငြိမ်ဖြစ်သွားသည်။
"သား.....နေလို့မကောင်းရင်ပြန်နားတော့လေ မေမေလည်းသက်သာနေပါပြီ"
မေမေကပြောတော့ သူJiminကိုမော့ကြည့်လိုက်သည်။ သူ့ကိုအာရုံမရှိပဲဖုန်းကိုသာကြည့်နေသည့် Jiminကြောင့် မေမေ့ကိုခေါင်းညိတ်ပြကာ ဦးလေးPark ကိုနှုတ်ဆက်လိုက်သည်။
"ဥိီးလေးPark...ကျွန်တော်ပြန်ပြီနော်"
"အေးပါကွာ....ကျန်းမာရေးလည်းဂရုစိုက်ဦး ChaeEun နဲ့လည်းအဆင်ပြေအောင်နေဦး"
ဦးလေးPark က စေတနာဖြင့််သတိပေးသော်လည်း သူ့အားဆက်ကနဲမော့ကြည့်လာသောမျက်ဝန်းကျဥ်းကျဥ်းလေးတွေကြောင့် စိတ်ထဲကနေအပြစ်တင်မိလိုက်သည်။
အခုထိ ChaeEun ကို ချစ်နေသေးတာလား.....။
အိမ်အပြင်သို့ခေါင်းငိုက်စိုက်ကာထွက်သွားသောသူကိုကြည့်ကာ ရင်ထဲမကောင်းသလို၊ကျေလည်းကျေနပ်မိသည်။
"အဖေ သူကဘာလို့အဲ့ဒီလိုပုံစံဖြစ်နေရတာလဲ"
"Jungkook က တော်တော်လေးအခြေအနေဆိုးသွားတာ သူ့ကိုယ်သူသတ်....."
"ကို....Jimin နားပါစေဦး....."
ဆေးရုံမှဆင်းသည့်အချိန်တုန်းက သူ့ကိုယ်သူသတ်သေရန်ကြိုးပမ်းခဲ့ကြောင်းJiminမသိပါစေနဲ့လို့တောင်းဆိုခဲ့သော ကြောင့် အခုလိုစကားလမ်းကြောင်းလွှဲလိုက်ရခြင်းဖြစ်သည်။
"ဟုတ်သားပဲ....ရေတွေဘာတွေချိုးလိုက်ဦးပြီးရင်အဖေတို့ထမင်းလက်စုံစားကြမယ်...."
"ဟုတ်ကဲ့.....အိမ်ထမင်းကိုလွမ်းနေခဲ့တာမြန်မြန်ဆင်းလာခဲ့မယ်"
အပေါ်ထပ်သို့ တက်သွားသောJimin ကိုကြည့်၍ သူမက
"ကလေးတွေ သူတို့ဘာသာပြောပါစေ...."
"ဟုတ်ပါပြီ...."
===================
သူ၏အခန်းလေးထဲသို့ရောက်သည့်အခါ အရာအားလုံးကပုံမှန်အတိုင်းလိုပင်။သပ်ရပ်သန့်ရှင်းနေသောအခန်းလေးကိုကြည့်၍စိတ်ချမ်းသာရသည်။ ပြတင်းပေါက်အနားကိုလျှောက်လာပြီးမှန်တံခါးကိုတွန်းဖွင့်လိုက်တော့ တစ်ဖက်အ်ိမ်ကပိတ်ထားသည့်ပြတင်းပေါက်ကိုမြင်ရသည်။
