"Park Jimin!!! ရေနွေးဆူနေပြီ!!"
ခေါက်လက်စ အင်္ကျီကိုပစ်ချကာ အိပ်ခန်းထဲမှမီးဖိုကောင်တာသို့ပြေးရသည်။ ပွက်ပွက်ဆူနေသောရေနွေးအိုးထဲသ်ို့ ခေါက်ဆွဲနှင့်အရသာမှုန့်တို့ကိုထည့်ရင်း ဆိုဖာတွင်ထိုင်နေသောသူက်ိုလှမ်းအော်လ်ိုက်သည်။
"အနွေးထည်ဝတ်ထားစမ်း Jeon Jungkook!!"
Jungkookက မကြားချင်ဟန်ဆောင်၍ တီဗွီိလိုင်းတွေက်ိုတစ်ခုပြီးတစ်ခုပြောင်းနေသည်။ Jiminက သက်ပြင်းချလျက် ခေါက်ဆွဲပြုတ်ကိုပန်းကန်ထဲသို့လှယ်လ်ိုက်သည်။ ထို့နောက်အလှဆင်သည့်အစာပလာအနေဖြင့် အရွက်တို့ကိုထည့်ကာ ငြုပ်ကောင်းမှုန့်အနည်းငယ်ဖြူးလိုက်သည်။
"ကြက်ဥက ခြမ်းပေးရမလားအလုံးလိုက်ပဲစားမလား"
"ခြမ်းပေး"
ပြုတ်ထားသည့်ကြက်ဥနှစ်လုံးကို တစ်လုံးက်ိုလေးစိတ်ဖြစ်အောင် ခြမ်း၍ပန်းကန်ထဲတွင်အစီအရီထည့်လ်ိုက်သည်။
"Jungkook လာစား"
"လမ်းမလျှောက်ချင်ဘူး.."
"ယူခဲ့ရမှာလား"
"အင်း"
ဗန်းထဲသို့ ခေါက်ဆွဲပန်းကန်နှင့် ရေတစ်ခွက်၊သောက်ရမည့်ဆေးလုံးတို့ကို နေရာတကျတင်ကာ Jungkookရှိရာသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်က်ိုတင်ပေးပြီးနောက် Jimin က အိပ်ခန်းထဲသို့ပြန်ဝင်သွားကာ အနွေးထည်တစ်ထည်ဖြင့် ပြန်ထွက်လာသည်။
Jungkookဘေးတွင်ဝင်ထိုင်လိုက်ပြီး အနွေးထည်ကို ပေးလိုက်တော့Jungkookက ယူဝတ်ကာ တစ်ဖက်သို့တိုးသွားသည်။Jiminက မျက်မှောင်ကျုံ့လျက် Jungkook၏လက်မောင်းကိုဖြတ်ကနဲရိုက်လ်ိုက်ကာ
"ငါ့နားပြန်ထိုင်!!"
"အဖျားကူးမှာစိုးလို့"
"အခုလာနော်!!"
Jungkookက မျက်နှာငယ်ဖြင့် Jiminအနားသို့ ပြန်ကပ်ထိုင်လိုက်သည်။
"လုပ်ချင်သေးလား သူရဲကောင်း!!"
"ကူညီလိုက်တာပါဆိုနေ"
ထိုနေ့ညနေက အလုပ်ဆင်းချိန်ဖြစ်ပြီးမိုးသည်းထန်စွာရွာသွန်းသောနေ့ဖြစ်သည်။ Jungkook သည် ထီးပါသွားခဲ့သော်လည်းအိမ်သို့ပြန်ရောက်လာချိန်တွင် တကိုယ်လုံးရွှဲစိုကာချမ်းတုန်နေသဖြင့် အကျိုးအကြောင်းမေးကြည့်တော့ သူ၏ရုံးမှဝန်ထမ်းအမျိုးသမီးအား ထီးငှားလိုက်ကြောင်းသိရသဖြင့် စကားများခဲ့ရသေးသည်။အခုတော့ ရုံးကိုပင်ခွင့်တင်ထားရတဲ့အထိ စေတနာရှင်ကြီးကဖျားနေလေပြီ။