လူတစ်ယောက်ရဲ့စိတ်နေသဘောထားကိုသိချင်ရင် ဒါမှမဟုတ် လူတစ်ယောက်နဲ့ရင်းနှီးချင်တယ်ဆိုရင် အဲ့ဒီလူနဲ့ခရီးဝေးတစ်ခုကိုအတူတူသွားကြည့်ပါတဲ့။
တစ်ပတ်တာခရီးစဥ်၏ဒုတိယရက်မြောက်နေ့လည်တွင် သူနှင့်ကျွန်တော်မတိုင်ပင်ပါပဲ၊မထင်မှတ်ပဲ တပူးပူးတတွဲတွဲရှိနေခဲ့တယ်။ဒါကိုကျွန်တော်သတိထားမိသလို သူရောသတိထားမိပါ့မလား။
ပထမဆုံးငေးမောမိသည်က ပြတင်းပေါက်ဘောင်ကိုမှီ၍မျက်လုံးစုံမှိတ်ကာလေညှင်းခံနေသောမျက်နှာနုနုဖြစ်ခဲ့တယ်ဆိုရင် ပထမဆုံးနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်က ကျွန်တော်ကိုယ်တိုင်ဝတ်ထားပေးသောအနွေးထည်အထူကြီးအောက် လုံခြုံစွာရှိနေပြီး ပန်းခင်းတို့အလယ် ကြောင်လိမ္မာလေးအသွင်ပြေးလွှားနေခဲ့တဲ့ပုံရိပ်လေးဖြစ်တယ်။
"နင်ဖယ်ဦး....ငါလည်းရိုက်ဦးမှာ"
"မဖယ်ဘူးဟာ....Taehyung ငါ့ကို လန်းနေအောင်ရိုက်ပေးနော်"
Taehyung သည် ပန်းခင်း အပြင်ဘက်ရှိ Hoseokကိုကြည့်လိုက် ပဲများနေသောကြောင်လေးကိုကြည့်လိုက်ဖြင့်စိတ်မရှည်ဖြစ်နေလေပြီ။
"ဖယ်ပါဆိုနေ!!! ChaeEun လာ ငါ့ကိုရိုက်ပေး.."
"Sung Nora!!!!!"
ပန်းခင်းထဲတွန်းဖယ်ခံလိုက်ရတဲ့ Jiminက အသံကုန်အော်လိုက်တော့ သူပြုံးမိသွားသည်။
စိတ်တိုနေတာကိုက ဖျစ်ညှစ်ချင်စရာ။
"မင်းရော ဓာတ်ပုံမရိုက်ဘူးလားJungkook"
ဘေးနားတွင်ဝင်ထိုင်ရင်းမေးသော Hoseokအားခေါင်းခါ၍သာတုံ့ပြန်လိုက်သည်။
"Jeon Jungkook!!!နင့်ဟာနင် လာထိန်းနော်!!!"
အမြဲတစေရေပြင်ညီလိုသာနေတတ်သောNoraသည် ဤခရီးတွင်တော့သူမကအတက်ကြွဆုံး၊အသံကျယ်ဆုံးဖြစ်နေပြီး အခုလည်းဒေါသမထွက်စဖူး ဓာတ်ပုံရိုက်သည်ကိုလိုက်ရှုပ်နေသောကြောင်ရိုင်းလေးကြောင့် သူ့ကိုလှမ်းတိုင်တည်လာသည့်အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိယောက်ယက်ခတ်သွားလေသည်။ ဘေးနားကHoseokကတော့တခွီးခွီးရီနေ၏။
"ဘာရီတာလဲ!!"
"မင်းဟာဆိုလို့ပါ"
"နေပါကွာ..."
