တနင်္ဂနွေကျောင်းပိတ်ရက်တစ်ရက်။
မစ္စတာPark သည် ဧည့်ခန်းတွင်ထိုင်ကာမဂ္ဂဇင်းဖတ်နေရင်းမှ စားပွဲခုံတွင် ခေါင်းကိုတဗျင်းဗျင်းကုတ်၍ စာအုပ်အားပိတ်လိုက်ဖွင့်လိုက်လုပ်ကာစိတ်မရှည်ဖြစ်နေသော သားဖြစ်သူကိုကြည့်ကာ
"နားမလည်ရင်လည်း နားလည်တဲ့Jungkookကို..."
"မမေးဘူး!!!!!"
စကားတောင်မဆုံးသေး ထွက်လာသောအသံမှာဟိန်းကနဲပင်။ ခရမ်းနုရောင်ရှပ်အင်္ကျီခပ်ပွပွကိုဝတ်ထားပြီး ဆင်စွယ်ရောင်ဘောင်းဘီအပွအား တစ်ဖက်ကိုလိပ်တင်ထားကာဆံပင်ခပ်ပျော့ပျော့တို့ကိုလည်း ကြက်တောင်တဝက်စည်းထားသေးသည်။မျက်နှာကတော့ဆူပုတ်ပုတ်။ ကလေးတွေအားအဆင်ပြေစေလိုသဖြင့်စကားခင်းပေးသော်လည်း ဒေါသတရှူးရှူးဖြစ်နေသောကြောင်ရိုင်းလေးက လက်မခံပေ။
"အဲ့ဒိီလိုမမေးချင်ဘူးဆိုရင်လည်းစာသင်ချ်ိန်သေချာလိုက်နားထောင်ပေါ့Jiminရဲ့"
"နားထောင်တာပဲ.....အဲ့တုန်းကနားထဲမှာရှိတယ် အခုနားထဲမှာမရှိတော့ဘူးစာကပြန်ထွက်သွားပြီ"
"နားနဲ့နားထောင်ပြီး ဦးနှောက်နဲ့မှတ်ရမှာပေါ့ ဘယ့်နှယ်"
"အဖေကလည်း မတွက်တတ်လို့စိတ်ညစ်ရတဲ့ကြားထဲ မဆူပါနဲ့"
ချက်ချင်းကိုအနားရောက်လာပြီး ခြေသလုံးကိုဖက်တွယ်ကာ ပေါင်ကိုခေါင်းမှီ၍ကြောင်လိမ္မာလေးအသွင်ဖြစ်သွားပြန်သည်။
"အဖေ ဂိုက်ခေါ်ပေးရမလား"
"မခေါ်ပါနဲ့ ပိုက်ဆံအပ်ိုကုန်တယ်....ဒီသင်ခန်းစာပဲနားမလည်တာကျန်တာတွေနားလည်တယ်"
အစိုးရဝန်ထမ်းဘဝမှ အနားယူလိုက်ပြီးပင်စင်လစာနှင့် တစ်န်ိုင်တပိုင်ငှားရမ်းထားသော ဆိုင်ခန်းလေးမှရသော ဝင်ငွေသာရှိပြီး အိမ်ထောင်ကိုလည်းထောက်ပံ့ရသော အဖေဖြစ်သူကိုအပူမပေးချင်သဖြင့်လျင်မြန်စွာငြင်းလိုက်သည်။
"ဟုတ်ပါပြီ လိုအပ်ရင်အဖေ့ကိုပြော ဘာမှတွေးမနေပဲ သားလိုအပ်တာကိုပွင့်ပွင့်လင်းလင်းသာပြော"
"ဟုတ်ကဲ့"
"ChaeEunနဲ့ရောNoraရော အိမ်ဘက်ကိုမလာတာကြာပြီနော်"
![](https://img.wattpad.com/cover/368007773-288-k349512.jpg)