Final(uni+zg)

2.1K 221 67
                                    

ဂျပန်နိုင်ငံမြို့တစ်မြို့၏ လမ်းကြားလေးထက်ဝယ် လက်တစ်ဖက်ကထီးကိုဆောင်းထားပြီးကျန်လက်တစ်ဖက်က ခရီးဆောင်အိတ်ကိုကိုင်ထားပြီး မိုးရေကြားထဲဖြေးညှင်းစွာလျှောက်နေသောလူတစ်ယောက်။ မျက်လုံးတို့ကတစ်ခုခုရှာနေဟန်။

အောက်နှုတ်ခမ်းပါးကိုတတ်ိတိကိုက်လျက် တိုက်နံပါတ်၊အိမ်နံပါတ်တို့ကိုသေချာလိုက်ကြည့်ရင်း အလွတ်မှတ်ထားသောနံပါတ်တစ်ခုကိုလည်း တစ်ချက်တစ်ချက်ပါးစပ်ကနေလည်းခပ်တိုးတိုးရေရွတ်နေသေးသည်။

လမ်းကြားလေးထက် ဘယ်၊ညာအိမ်တို့ကိုတစ်အိမ်ချင်းစီကြည့်နေရင်းမှ တိုက်တစ်တိုက်အရှေ့တွင်သူ၏ခြေလှမ်းတို့ရပ်တန့်သွားသည်။ပါးစပ်မှလည်း အလွတ်ကျက်ထားသောလိပ်စာလေးတစ်ခုအားနောက်တစ်ကြိမ်ရေရွတ်လိုက်သည်။

========================

ညကတည်းကတဖွဲဖွဲရွာနေသောမိုးကြောင့် မိုးအေးအေးနှင့်အိပ်လိုက်သည်မှာမနက်၈နာရီပင်ရှိနေလေပြီ။ အလုပ်ရှင်တစ်ယောက်ဖြစ်နေပြီးအလုပ်နေကျမိသည့်သူ့ကိုယ်သူကြောင့် အလျင်အမြန်ပင် အလုပ်သို့သွားရန်ပြင်ဆင်ရသည်။ အခုချိန်ထိမပြောင်းရသေးသောခဲနုရောင်ဆံနွယ်တို့ကိုသေချာဖြီးသင်လိုက်ပြီး လည်ပိတ်ဆွယ်တာအင်္ကျီအနက်ရောင်ကိုအပေါ်မှ ရှပ်အဖြူစင်းဖြင့်တွဲဝတ်လိုက်သည်။ စတိုင်ပန့်ဘောင်းဘီတစ်ထည်ကိုဝတ်လိုက်ပြီး လိမ္မော်ရောင်long coat တစ်ထည်က်ိုအမြန်ဝတ်၍ အလုပ်အိတ်ကိုဆွဲကာ တံခါးကိုသော့ခတ်ပြီးတိုက်အောက်သို့အမြန်ဆင်းပြေးလာသည်။

"အာ..မိုးရွာနေတာပဲ"

တိုက်အောက်သို့ရောက်သည့်အခါ ခပ်ဖွဲဖွဲရွာနေသောမိုးကြောင့် ထီးယူရန်မေ့လာခဲ့သည်ကထပ်၍စိတ်ရှုပ်ရပြန်ပါသည်။

"ပြန်တက်ရဥိီးမယ်"

တိုက်အပေါ်သို့ပြန်တက်၍ အနောက်လှည့်လိုက်စဥ် မ်ိုးသံကြားထဲ မတိုးမကျယ်လေး ကြားလိုက်သောအသံတစ်ခု

"Park Jimin"

အသံကိုကြားရုံနဲ့တင် ရင်တစ်ခုလုံးဗြောင်းဆန်နေပြီး အသက်ရှုပင်မြန်လာကာ လက်ထဲတွင်ကိုင်ထားသောအိတ်ကိုတင်းကျပ်စွာဆုတ်ကိုင်လိုက်ပြီး အနောက်သို့ဖြေးဖြေးချင်းစီလှည့်ကြည့်လိုက်သည်။

Painful LOVE {Completed }Where stories live. Discover now