Ep.18(uni+zg)

1K 148 11
                                    

မင်းမှာနောက်တစ်ခါ အခွင့်အရေးမရခဲ့ဘူး
ဘဝက Nintendo game မဟုတ်ပင်မယ့်
ထပ်ပြီးလိမ်ခဲ့တယ်........
အခုတော့ သူထွက်သွားတာကိုရပ်ကြည့်နေရပြီ
အဲ့ဒါကြောင့် လူတွေက ကျန်ရစ်ခဲ့ရတဲ့သူက
ပိုပြီး နာကျင်ရတယ်ဆိုပြီးပြောတာထင်တယ်။

// Love The Way You Lie //

=====================

အချိန်တွေကုန်တာမြန်ဆန်ခဲ့တယ်။ စီးပွားရေးတက္ကသိုလ်၏ပထမနှစ်သို့ စတင်တက်ရောက်သည့်အချိန်တွင် ChaeEunအဖေ၏ကုမ္ပဏီတွင် အလုပ်သင်အဆင့်မှ တရားဝင်ဝန်ထမ်းအဖြစ်သို့အဆင့်တက်သွားသည်။ တက္ကသိုလ်ကိုအဝေးသင်တက်ရင်း ကုမ္ပဏီတွင်စာရင်းကိုင်အနေဖြင့်ဝင်လုပ်ခဲ့သည်။ Nora သည်လည်း စီးပွားရေးတက္ကသိုလ်တက်နေခဲ့ပြီး ChaeEun က တက္ကသိုလ်ဆက်မတတ်တော့ပဲ သူမ၏ဝါသနာပါရာဒီဇိုင်နာ သင်တန်းတို့ကိုတက်နေသည်။Hoseokက အနုပညာတက္ကသိုလ်ကိုတက်ရောက်နေပြီး သူက.......။

နောက်ဆုံးတွေ့ခဲ့ရတဲ့နေ့။ စာမေးပွဲနောက်ဆုံးရက်က တွေ့ခဲ့သည်ကနောက်ဆုံးဖြစ်သည်။ ဦးလေးParkဆီကနေ မေမေ့ဆီကနေတဆင့် ပြန်ကြားရတာတော့ သူလည်းပဲစီးပွားရေးတက္ကသိုလ်အဝေးသင်တက်နေပြီး အချိန်ပိုင်းအလုပ်တစ်ခုလုပ်နေကြောင်းသိရသည်။ အဆောင်တွင်သာနေထိုင်ပြီး တစ်ပတ်တစ်ခါမှသာအိမ်ပြန်လာတတ်ကြောင်းကိုလည်း ကြားရတော့သူ့စိတ်ထဲဘဝင်မကျ။

သူကြိုက်နေတဲ့သူကိုလက်ထပ်မိတာကို မျက်နှာတောင်မမြင်ချင်လောက်အောင်ဖြစ်သွားတယ်ပေါ့။ Park Jimin တို့က အဆန်းကြီး။

သူလည်းကုမ္ပဏီနဲ့ကျောင်း၊ကျောင်းနဲ့အိမ် အလုပ်ရှုပ်နေသဖြင့် သူငယ်ချင်းများနှင့်လည်းရံဖန်ရံခါမှသာအဆက်အသွယ်လုပ်မိသည်။ ကုမ္ပဏီတွင် နှစ်ကုန်ရာထူးတိုးပွဲပြီးတာနှင့်သူ၏မင်္ဂလာဆောင်လည်းရောက်လာတော့မည်။

မန်နေဂျာရာထူးနှင့်အိမ်ထောင်သည် ဘဝက်ို တက္ကသိုလ်၏ပထမနှစ်တွင်သူထမ်းဆောင်ရတော့မည်။ ChaeEun ၏ စနက်က တော်တော်လေးကိုထိရောက်သွားသည်။ ChaeEun၏ အမေက သူ၏မေမေကိုတွေ့သည်နှင့် စကားလုံးတို့ဖြင့်ထိုးနှက်နေပြီး လက်မလွန်သွားစေရန်မြန်မြန်မင်္ဂလာဆောင်သင့်ကြောင်း ဖိအားပေးသဖြင့် နှလုံးရောဂါသည်မေမေလည်း စိတ်ပင်ပန်းရသည်။

Painful LOVE {Completed }Where stories live. Discover now