ရင်ခုန်စွာလက်ချိုးရေခဲ့ရတဲ့ ရက်တွေကို ကြောက်ရွံခြင်းများစွာနှင့်ရေတွက်နေရတော့သည်။ ၃လပဲကျန်တော့သည့်အချိန်ကာလကိုကြည့်ရင်း ဝမ်းသာရသလို ကိုယ်ဝန်၈လရှိ နေပြီဖြစ်သော ChaeEun ကိုကြည့်ကာ စိတ်ပျက်ရပါသည်။
သူမထိတွေ့ခဲ့ပါသော်လည်း ChaeEun၏ကိုယ်ဝန်က သူ့အတွက်အဖြေရှာမရ။ကိုယ်ဝန်ရလာပြီးနောက်ပိုင်းမှာ အရင်လိုစကားများရန်ဖြစ်တာတွေမရှိတော့ပေ။ သူနားလည်ပေးတာမဟုတ်ပဲ အရာအားလုံးကိုစိတ်ပျက်သွားလို့လျစ်လျူရှုလိုက်တာ။ သူဘာမှကိုမမျှော်မှန်းတော့ဘူး ။ မျှော်လင့်တိုင်းမျှော်လင့်ချက်တွေကရိုက်ချိုးခံနေရသည်။ သူ့ဘဝကြီးကိုစိတ်ကုန်နေလေပြီ။ဘယ်လောက်အထိစိတ်ကုန်သလဲ မေးခဲ့ရင် ညာဘက်လက်ကောက်ဝတ်မှသွေးကြောပေါ်ရှိအမာရွတ်ကိုသာ ထိုးပြလိုက်တော့မည်။
ဟုတ်ပါတယ်။ သတ္တိကြောင်စွာနဲ့မိုက်ရူးရဲဆန်ခဲ့ပါတယ်။
မခံစားနိုင်တော့သည့်အဆုံး သူ့စိတ်ဓာတ်တွေကအောက်ဆုံးကိုရောက်နေချိန်မှာ သူဟာစိတ်ပျက်စရာသူ့ဘဝကြီးကိုနှုတ်ဆက်ဖို့အဆင်သင့်ဖြစ်သွားခဲ့သည်။သို့သော် မရေရာတဲ့ကြိုးလေးတစ်ချောင်းနှင့် မေမေ့၏ငိုသံတွေကသူ့ကိုထွက်သွားခွင့်မပေးပြန်။ အဲ့ဒီနေ့က မိုးတွေသည်းကြီးမည်းကြီးရွာနေခဲ့တယ်။ မေမေက သွေးအိုင်ထဲလဲနေတဲ့သူ့ကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တယ်။
ယိုင်နဲ့သွားတဲ့ကျန်းမာရေးကြောင့်သူကဆေးရုံမှာသုံးပတ်ကျော်ကျော်နေခဲ့ရတယ်။ မေမေက သူ့ကိုရင်ဖွင့်ရန်ပြောသော်လည်း သူငြင်းဆန်ခဲ့သည်။ ဆေးရုံကပြန်ဆင်းတဲ့နေ့ကတည်းက သူဟာဘယ်သူနဲ့မှစကားမပြောဖြစ်တော့သလို အရက်ကိုလည်းနောက်ဘယ်တော့မှထပ်မသောက်ရန် သစ္စာဆိုလိုက်သည်အထိ။
နှလုံးရောဂါအခံနှင့်မေမေက သူ့ကြောင့်အိပ်ယာထဲလဲသွားခဲ့သည်။ ChaeEun နှင့်လည်းအရင်လိုစကားများတာတွေမရှိတော့ပေ။ သူမကလည်း သူမကိုယ်ဝန်ကိုသာဂရုတစိုက်နေနေပြီး သူကတော့ သူ့ကိုယ်ကိုတောင်ဂရုမစိုက်နိုင်တော့။"Jimin ပြန်လာတော့မယ်တဲ့"
မေမေ့ကို ဆေးတိုက်နေချိန် အခန်းဝမှဦးလေးPark ၏ အသံကြောင့် သူ့လက်တွေမသိမသာတုန်သွားသည်။
![](https://img.wattpad.com/cover/368007773-288-k349512.jpg)