Ep.15(uni+zg)

1.9K 202 27
                                    

2024...။

အနှီးထုတ်ထဲတွင်အပစ်ကင်းစွာအိပ်ပျော်နေသောကလေးငယ်။ သူနှင့်ဆန့်ကျင်ဘက် အပူအပင်ကင်းကင်းအိပ်ပျော်နေသောကလေးငယ်ကိုကြည့်ကာ မနာလိုမိသည်။ ဖြူဖြူဖွေးဖွေးအသားအရေ၊သူနှင့်တူသောဝိုင်းစက်နေသည့်မျက်လုံးလေးတွေ၊ ကလေးချစ်တတ်သောသူအဖို့ အလွန်ချစ်စရာကောင်းသောကလေးဖြစ်သည်။ သို့သော်ဤချစ်စရာကောင်းသော ကလေးကြောင့် သူတို့ရဲ့ဆုံမှတ်ကဝေးသထက်ဝေးလာသည်။ ပွင့်ပွင့်လင်းလင်းပြောကာအမှန်ကိုထုတ်ပြောရတော့မည်ကိုသူသိသည်။ဒါပင်မယ့် မာနဆိုတဲ့အစွဲလေးကရှိနေပြီး တချိန်ကသူကိုယ်တိုင်ပြောခဲ့တဲ့စကားတွေ၊လုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ထိုစကားကိုထုတ်ပြောဖို့ ခွင့် ရှိပါ့မလား။

"Jungkook....ရောက်နေတာလား"

ဆေးရုံကုတင်ပေါ်မှနိုးလာသူသည် သူ့အားနွမ်းလျစွာ စကားစသည်။

တခြားသောကလေးအဖေများသည် မိမိ၏ဇနီးသည်ကလေးမွေးသည့်အခါတက်ကြွနေကြပြီး အခုသူ၏ခင်ပွန်းကတော့ ပုခုံးနှစ်ဖက်စိုက်နေကာစိတ်ဓာတ်ကျနေသည့်လူတစ်ယောက်လို မှိိုင်းပြနေသည်။

"ဒါ ငါ့ကလေးမဟုတ်ဘူးChaeEun"

ရင်တွေနာလိုက်တာ။တစ်ခါပြောတိုင်းတစ်ခါနာကျင်ရသည်။

"နင်နဲ့ရမှတော့နင့်ကလေးမဟုတ်လို့ ဘယ်သူ့ကလေးဖြစ်ရမှာလဲ.......ပြီးတော့ ဒါကသွေးနုသားနုဖြစ်နေတဲ့ဇနီးကိုပြောရမယ့်စကားလား"

"ဟန်ဆောင်နေတာ တော်လိုက်ပါတော့..... ငါတောင်းပန်ပါတယ်..... သူ..သူဒီလကုန်ရင်ဂျပန်ကိုသွားတော့မှာတဲ့....ငါထပ်ပြီးမလွဲချော်ချင်တော့ဘူး ငါတောင်းပန်ပါတယ် အမှန်တရားကိုမင်းကိုယ်တိုင်ထုတ်ပြောပေးပါ တောင်းဆိုပါတယ်"

"နင်အဲ့လိုလုပ်လို့ရမလား.....နင့်စိတ်ကိုသေချာမသိခင်တုန်းကငါ့ကိုယူပြီး အခုမှတခြားတစ်ယောက်ကိုခံစားချက်ရှိနေလို့ပါဆိုပြီးဒီလိုတွေတောင်းဆိုနေတာ မရှက်ဘူးလား"

အော်ဟစ်ပြောဆိုနေခြင်းမဟုတ်သော်လည်း ဆေးရုံခန်းအတွင်းသူတို့နှစ်ဦးနှင့် ကလေးငယ်သာရှိတာမို့ စကားပြောသံတို့ကိုရှင်းလင်းစွာကြားနေရသည်။

Painful LOVE {Completed }Where stories live. Discover now