2024....
မိုးလေးတဖွဲဖွဲရွာနေခြင်းကြောင့် အလွမ်းဓာတ်တို့ပေါ်ပေါက်လာသည်။ မင်္ဂလာဆောင်ပြီးကတည်းကအိမ်တွင်းပုန်းနေသည်မှာငါးရက်ရှိသွားပြီဖြစ်သည်။ တစ်ခါတလေကော်ဖီခါးခါးတစ်ခွက်၊တစ်ခါတလေအရက်ပုလင်းတို့ဖြင့် လေလွင့်နေသော်လည်း သူ၏ဇနီးNoraကတော့ သူမလုပ်စရာရှိသည့်ကိစ္စများကိုစီစဥ်နေလေသည်။ သူ့ကိုလည်းရံဖန်ရံခါအားပေးစကားပြော၍နှစ်သိမ့်ပေးပြီး တစ်ခါတစ်ရံတော့အောင်သွယ်တော်လုပ်ပေးသည်။ ကိုယ်လောလောလတ်လတ််ယူထားတဲ့ယောကျာ်းတစ်ယောက်ကိုတခြားယောကျာ်းနဲ့ချိတ်ပေးတဲ့အမျိုးသမီးကသူမ တစ်ယောက်ပဲရှိလိမ့်မည်။
"Jimin...."
ပြောရင်းနဲ့အနားကိုရောက်လာပြန်ပါပြီ။ သူ့လက်ထဲမှ အရက်ခွက်ကို ဆွဲယူလိုက်ရင်း သူမကမိုးရေစင်နေသောပြတင်းတံခါးကိုပိတ်လိုက်သည်။ ထို့နောက် သက်ပြင်းချကာ
"သူရောက်နေတယ်....ခြံရှေ့မှာ"
"ငါသိတယ်"
"ထွက်တွေ့လိုက်ပါလား.....မိုးတွေလည်းရွာနေတယ်.....သူရပ်စောင့်နေတာကြာနေပြီ တကိုယ်လုံးလည်းမိုးရေရွှဲနေပြီ"
Jiminက သူမကိုဆွေးဆွေးမြည့်မြည့်မော့ကြည့်ပြီး
"ငါက.....ဘာလို့ထွက်တွေ့ရမှာလဲ"
"ငါသွားမေးပြီးပြီ....သူကနင်နဲ့စကားပြောချင်လို့တဲ့ခနလေးပဲတဲ့....သွားလိုက်စမ်းပါဟာ သူနေ့တိုင်းလာရပ်စောင့်နေတာ"
Jiminက အသံတိတ်ခေါင်းခါပြပြီး ခုံတွင်မှီလိုက်ကာမျက်လုံးများကိုမှိတ်ချလိုက်သည်။ Noraက Jiminကိုတော်တော်ကြာရပ်ကြည့်နေပြီးမှ အခန်းထဲမှပြန်ထွက်သွားသည်။
ဘာပြောချင်တာလဲ....ထပ်ပြီးNoraနဲ့ဝေးဝေးနေခိုင်းဦးမလို့လား......လောဘကြီးလိုက်တာJungkookရယ်။
တဖြောက်ဖြောက်ရွာနေသောမိုးမှ သည်းထန်စွာရွာသောမိုးသို့ပြောင်းလဲသွားသည်။ မိုးအေးသည့်ဒဏ်ကြောင့်တကိုယ်လုံးတုန်ကာချမ်းစိမ့်လာသော်လည်း သူတစ်ဖဝါးမှမခွာမိ။ သူဒီခြံရှေ့မှာလာရပ်စောင့်နေတာသုံးရက်ရှိပြီ။ မျက်နှာလေးကြည့်ပြီးစကားပြောချင်ရုံကို မျှော်နေသူကထွက်ကိုမလာ။အရိပ်ပင်မမြင်ရ။ကြောင်ရိုင်းလေးကသိပ်ဆိုးတယ်။